အခန်း (၃၁)

566 73 1
                                    

Unicode
.
.
နှစ်သစ်ကူးအကြို ညစာစားပွဲအား ကွမ်းလျှိုဌာနမှ စီစဉ်ပြီး ချမ်ဝမ်ခန်းမဆောင်၌ တည်ခင်းဧည့်ခံမည် ဖြစ်သည်။ ချမ်ဝမ်ခန်းမဆောင်နှင့် မနီးမဝေးတွင် ဧကရာဇ်ဥယျာဉ်တော်ရှိပြီး ယခုအခါ ၎င်းကို ဖျော်ဖြေရေးနေရာအဖြစ် ပြင်ဆင်ထား၏။ အနီရောင် မီးပုံးမီးအိမ်များကိုလည်း ဇီးပွင့်အကိုင်းအခက်များပေါ်တွင် ချိတ်ဆွဲထားပြီး အောက်တွင်တော့ ထိုင်ခုံများ၊ သစ်သီးပန်းကန်များ၊ မုန့်ပန်းကန်များ တင်ထားသော စားပွဲများအပြည့်ဖြင့် ဂုဏ်သရေရှိလူကြီးမင်းများအတွက် ပြင်ဆင်ထားသည်။ လျှောက်လမ်းတစ်လျှောက်တွင် ခြေလှမ်းနှစ်လှမ်းတိုင်း အကွာအဝေး၌ အရည်အသွေးအမြင့်ဆုံး ကျောက်မီးသွေးကို သုံးကာ မီးလင်းဖိုများ ထွန်းညှိထားသည်။ မီးခိုးများထွက်နေခြင်း မရှိသည့်အပြင် မွှေးရနံ့များပင် လွှမ်းခြုံနေသေး၏။ ဤလျှောက်လမ်းကို ဖြတ်လျှောက်စဉ်တွင် မည်သူမျှ အေးစက်မှုကို ခံစားကြရလိမ့်မည် မဟုတ်ပေ။

ပွဲမစသေးသောကြောင့် စောစီးစွာရောက်လာခဲ့ကြသော ဧည့်သည်တော်များသည် ဥယျာဉ်တော်ထဲ လျှောက်လည်နေကြရင်း အတင်းအဖျင်းများ ပြောနေကြတော့သည်။

ဤနှစ်၏ ရှေ့အပြေးဆုံးသတင်းတစ်ပုဒ်မှာ မြောက်ပိုင်းစစ်ဘုရင်၏အသစ်စက်စက် ဝမ်ဖေးအကြောင်းပင်။

ထိမ်းမြားပွဲမတိုင်မီကမူ ဤလက်ထပ်ပွဲအကြောင်းနှင့်ပတ်သက်၍ မည်သူကမျှ အကောင်းမြင်ခြင်း မရှိကြပေ။ မြောက်ပိုင်းစစ်ဘုရင်သည် နာမည်ဆိုးဖြင့် ကျော်ကြားသောသူဖြစ်ပြီး သူ၏ထူခြားသောစွမ်းဆောင်ရည်မှာလည်း တိုက်ပွဲအတွင်း၌သာဖြစ်သည်။ စစ်သူကြီးချုပ်များ အငြိမ်းစားယူသွားခဲ့ကြသည့်အချိန်တွင် ရှောင်ကျစ်ကော တစ်ယောက်တည်းကသာ မြောက်ပိုင်းနယ်စပ်သို့ အစောင့်အရှောက်မပါဘဲ ထွက်ခွာသွားခဲ့ပြီး ပေသိလူမျိုးများကို အရှိန်အဟုန်ပြင်းစွာဖြင့် မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်အန်းချင်းသည် ဤသားတော်ကို မည်မျှပင် မနှစ်သက်ပါစေ၊ သူ၏လုပ်ရပ်များကို မျက်ကွယ်ပြုပေးထားခြင်း ဖြစ်သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now