အခန်း (၄၀)

642 75 1
                                    

Unicode
.
.
ရှောင်ကျစ်ကောသည် ဤသည်ကို မျှော်မှန်းထားပြီးသား ဖြစ်သည်။ သူက အန်းချန်ချင်း၏လက်ကို ဖွဖွလေးပုတ်ပေးကာ သူ၏ဝမ်ဖေးကို နှစ်သိမ့်ပေးလိုက်၏။ ထို့နောက် ရှောင်ကျစ်ကောသည် သူ၏အရာရှိဝတ်ရုံကို ဝတ်ဆင်ကာ ဧကရာဇ်အရှင်နှင့် ရင်ဆိုင်ရန် နန်းတော်သို့ ရထားလုံးဖြင့် ထွက်ခွာသွားသည်။

ချမ်ကျန်းနန်းဆောင်၌ နဂါးရုပ်ပုံရှိသောမီးလင်းဖိုများသည် တောက်လောင်နေကြ၏။ ဧကရာဇ်အန်းချင်းသည် သလွန်တော်ပေါ်တွင် လဲလျောင်းနေပြီး လွင့်နေသော ရွှေရောင်ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ နန်းတော်အစေခံမိန်းကလေးနှစ်ယောက်က သူ၏လက်များနှင့် ခြေထောက်များကို နှိပ်နယ်ပေးနေ၏။ မနီးမဝေးတွင် သက်လတ်ပိုင်းအရွယ် တာအိုဆရာသည် ဆေးလုံးသန့်စင်သည့်အိုးတစ်ဝိုက်တွင် မီးကို ဂရုတစိုက် ချိန်ညှိနေသည်။ ရံဖန်ရံခါ မီးအက်ကွဲသံများကို ကြားနေရပြီး မီးဖိုမှ မွှေးကြိုင်သောဆေးရနံ့များ ထွက်ပေါ်လာနေ၏။

"ရွှမ်ရီ၊ အဲဒီရူးနေတဲ့တာအိုဆရာက မင်းရဲ့ဆရာထက်တောင် ပိုအစွမ်းထက်တယ်လို့ မင်း ဆိုလိုချင်တာလား"

ဧကရာဇ်အန်းချင်းသည် သူ့လက်ထဲမှ အဖြူရောင်ကျောက်စိမ်းပုလင်းအား ဟိုရွှေ့သည်ရွှေ့လုပ်နေရင်းဖြင့် သူ၏မျက်လုံးများမှာ လင်းလက်တောက်ပနေ၏။

တာအိုဆရာရွှမ်ရီသည် အိုးအဖုံးကို ဖွင့်လိုက်ပြီး သန့်စင်ထားသောဆေးလုံးကို အဖြူရောင်ဘူးသေးသေးလေးထဲသို့ ထည့်လိုက်၏။ ထို့နောက်တွင် သူသည် ဧကရာဇ်အရှင်၏ ရှေ့မှောက်သို့ သွားကာ အလုံပိတ်ထားသောဆေးပုလင်းကို ပေးအပ်လိုက်သည်။

"မှန်ပါတယ်။ သဘာဝရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို ပုံဖော်နိုင်ပြီး ဘေးဥပဒ်အန္တာရာယ်ကို ကြိုပြောနိုင်တဲ့ အဲဒီစွမ်းရည်က ကျွန်တော့်ဆရာသခင် ပိုင်ဆိုင်တဲ့အရာ မဟုတ်ပါဘူး။ မြောက်ပိုင်းစစ်ဘုရင်ရဲ့ ပြောစကားသာ အမှန်ဆိုရင် အဲဒီလူထူးလူဆန်းဆရာကြီးက မြင့်မြတ်ပြီး ကိုးကွယ်ထိုက်သူတစ်ယောက်ဖြစ်မှာ သေချာပါတယ်"

ဧကရာဇ်အန်းချင်းသည် မခံချိမခံသာ ဖြစ်နေသည်။

"သူ့မှာ ငါ့ကို ထာဝရရှင်သန်နိုင်စေမယ့်ဆေးတွေကို သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိနိုင်မလား"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now