အခန်း (၅၄)

512 70 1
                                    

Unicode
.
.
လူငယ်လေးသည် ခေါင်းငုံ့ထားလျက် ရှိနေသည်။ သူသည် အတိတ်ကို ပြန်လည်မမှတ်မိသည့်အတွက် နောင်တ တရားများဖြင့် ပြည့်နှက်နေလေသည်။

အန်းချန်ချင်းသည် မျက်လွှာချထားလျက် စိတ်ဓာတ်ကျစွာဖြင့် ရှင်းပြလိုက်၏။

"ကျွန်တော်ဆယ်နှစ်သားတုန်းက ရေကန်ထဲပြုတ်ကျခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း ကျွန်တော့်ရဲ့မှတ်ဉာဏ်တွေကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော် တမင်သက်သက် မေ့ပစ်လိုက်တာ မဟုတ်ပါဘူး..."

အန်းချန်ချင်းသည် ကြီးစွာ စိတ်ထိခိုက်နေသည်။ ဤမျှ အဖိုးတန်သောအတိတ်ကို မမှတ်မိနိုင်ဘဲ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုကတိကို အကောင်အထည်ဖော်ရန် ရှောင်ကျစ်ကောတစ်ယောက်တည်းကိုသာ လုပ်ဆောင်စေခဲ့သည်။ အန်းချန်ချင်းသည် ကိုးနှစ်သားအရွယ် ရှောင်ကျစ်ကောအား ချန်ထားခဲ့ရသည်ကို အပြစ်ရှိကြောင်း ခံစားနေရသည်။

ဤဘဝမှာ သူတို့သည် ဤအရာကို ရှင်းလင်းနိုင်ခဲ့ပေပြီ။ သို့သော် ယခင်ဘဝတွင်ကော မည်သို့ရှိခဲ့လိမ့်မည်နည်း။

သူတို့သည် မည်သည့်အခါကမျှ တွေ့ဆုံဖူးခဲ့ခြင်းမရှိကြဘဲ၊ အန်းချန်ချင်း မည်သည့်အခါကမျှ လေးလေးနက်နက် မတွေးဖူးခဲ့သည့် ရှောင်ကျစ်ကောက သူ့အပေါ်တွင် အမြဲတစေ လေးနက်သည့်အရာတစ်ခု ရှိနေခဲ့သည်။ အန်းချန်ချင်းကို ထိမ်းမြားလက်ထပ်ပြီး သူ၏ကြင်ယာတော်အဖြစ် ဝမ်အိမ်တော်သို့ ခေါ်ဆောင်လာပြီးကတည်းက နန်းတွင်းမှ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ မည်မျှပင် ရှိခဲ့ပါစေ၊ ရှောင်ကျစ်ကောသည် သူ၏ကြင်ယာတော်ဖြစ်သူအား မည်သူ့ကိုမျှ အနိုင်ကျင့်ခွင့် မပြုခဲ့ပေ။

သူတို့ ကွဲကွာသွားခဲ့ကြသည့် နှစ်ပေါင်းများစွာအတွင်းတွင် ရှောင်ကျစ်ကောသည် အန်းချန်ချင်းအတွက် သူတို့၏အတိတ်မှကတိကို ဖြည့်ဆည်းပေးခဲ့လေသည်။ သို့သော်လည်း အန်းချန်ချင်းကတော့ ၎င်းကို မည်သည့်အခါကမျှ တည်ရှိခြင်း မရှိခဲ့သော အတိတ်တစ်ခုဟု ယူဆထားခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ကမ်းလှမ်းလာသော လက်ကိုပင် ပစ်ပယ်ခဲ့လေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now