အခန်း (၂၁)

650 76 0
                                    

Unicode
.
.
နောက်တစ်နေ့တွင် အန်းချန်ချင်းသည် ကျိုးဟယ်လန်၊ ထျဲဟူတို့နှင့်အတူ အပြင်ထွက်လာခဲ့သည်။ ရှောင်ကျစ်ကောသည်လည်း သူတို့နှင့်အတူ လိုက်ပါလာကာ ယုံလဲ့လမ်းသွယ်၌ လမ်းခွဲသွားခဲ့လေသည်။ လူအများက သူ့ကို မြင်သောအခါ လူစုခွဲကာ ရှောင်ဖယ် မသွားကြတော့ပေ။ ထိုအစား သူတို့သည် ဝမ်အိမ်တော်၏ ရထားလုံးကို လှည့်ပတ်ကြည့်ကာ ချောမောလှပသော ဝမ်ဖေးနှင့် ဝမ်ရယ်တို့ကြား ဆက်ဆံရေးကို ဖမ်းဆုပ်နိုင်ရန် ခိုးကြည့်နေကြလေသည်။

ဝမ်ရယ်နှင့် ဝမ်ဖေးတို့သည် ရက်အတော်ကြာ လမ်းပေါ်သို့ ထွက်မလာကြလေရာ လူအများအတွက် ဇာတ်လမ်းအသစ်များ လျော့ပါးသွားခဲ့၏။ စန်းဝေ့ကျိုက်၏ ဇီးသီးပွင့်မုန်းများပင် ယခင်ကကဲ့သို့ ရောင်းမကောင်းတော့ချေ။

ကံမကောင်းစွာဖြင့် ဝမ်ဖေးသည် ရထားလုံးထဲတွင် ရှိနေကာ မြောက်ပိုင်းစစ်ဘုရင်ကို နှုတ်ဆက်စကားပြောရန်အတွက် ရထားလုံး၏ ကန့်လန့်ကာကို ဖွင့်ဟရုံမျှသာ ဖွင့်လှစ်ထားလေသည်။

ဝမ်ဖေးသည် 'နတ်သမီးလေးတစ်ယောက်လိုပါ'ဟု ကောလဟာလထွက်နေပြီး သူ့အကြည့်အနည်းငယ်ကို ဖမ်းဆုပ်လိုက်နိုင်ခြင်းက သင်၏ အမျိုးအနွယ်များအား အလှအပကို ကောင်းချီးပေးနိုင်သည် ဟူ၍ပင်။

ရထားလုံးမောင်းသူသည် ခြိမ်းခြောက်နိုင်သော အကြည့်တစ်ချက်ဖြင့် ဘေးမှ ဝိုင်းကြည့်နေသူတိုင်း၏အကြည့်များကို မှေးမှိန်သွားစေရန် ဟန့်တားနိုင်ခဲ့လေသည်။

ယဲ့ကျင့်ရှိ ပြည်သူများ၏ စိုက်ကြည့်မှုအောက်တွင် ရထားလုံးသည် အနောက်ဘက် လမ်းသွယ်ဆီသို့ ဖြည်းညင်းစွာ မောင်းထွက်သွားခဲ့သည်။

အန်းချန်ချင်းပင် မသိသော ထိုဖန်တီးထားသည့်ပုံပြင်ဇာတ်လမ်းများ ပျံ့နှံ့မှုကြောင့် သူသည် အထက်ဘုံမှ ဆင်းသက်လာသော မသေမျိုးအဖြစ် သတ်မှတ်ခြင်းခံထားရပြီး ယဲ့ကျင့်တစ်ခွင်လုံး၌ လူအများက အန်းချန်ချင်းအား ကြည့်ရန် အခွင့်အရေးကို ဖမ်းဆုပ်ကြပေလိမ့်မည်။

စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်သောအခါ စားပွဲထိုးတစ်ယောက်က သူတို့အား ဒုတိယထပ်ဆီသို့ ဦးဆောင်ခေါ်သွား၏။ အန်းဖူးက သူဖုန်းစားနှစ်ယောက်နှင့်အတူ ဝင်မလာမီ အန်းချန်ချင်းသည် လက်ဖက်ရည်တစ်ခွက်နှင့်အတူ ထိုင်စောင့်နေသည်။ သူဖုန်းစားနှစ်ယောက်ထဲမှ တစ်ယောက်မှာ အရင်တစ်ခေါက်က သူနှင့်ရင်းနှီးပြီးသားသူ ဖြစ်ပြီး နောက်တစ်ယောက်မှာ ဆယ်ကျော်သက်အရွယ် လူသစ်တစ်ယောက် ဖြစ်သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now