အခန်း (၅၆)

504 64 1
                                    

Unicode
.
.
ကျီးရွှယ် ထွက်သွားပြီးနောက်တွင် ရွှယ်ဝူရီသည် ပြတင်းပေါက်ဘေးတွင် ရပ်လျက် တွေးတောနေမိသည်။

ရွှယ်ဝူရီသည် လျှန့်ကျိုးသို့ လျှို့ဝှက်စွာဖြင့် ခရီးထွက်လာရခြင်းမှာ ချန်ကျိုက်ချန်သည် သူနှင့် ရှောင်ကျစ်ကောတို့၏ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးအရ သူသည် ရှောင်ကျစ်ကောထံ၌ သေချာပေါက် အကူအညီ သွားတောင်းလိမ့်မည်ကို ခန့်မှန်းမိသောကြောင့်ပင်။ ရှောင်ကျစ်ကောနှင့် သဘောတူညီချက် ပြုလုပ်ရန် ရည်မှန်းချက်ဖြင့် ရွှယ်ဝူရီသည် လျှန့်ကျိုးသို့ ကိုယ်တိုင်ကိုယ်ကျ လာခဲ့ခြင်းဖြစ်သည်။

ရှီဝေ့အင်ပါယာသည် မကြာသေးမီ နှစ်များအတွင်း၌ ချောင်ပိတ်မိနေခဲ့လေသည်။ ဧကရာဇ်မင်းမြတ် ကွယ်လွန်သည့်နေ့မှစ၍ နိုင်ငံသည် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်သည် ကျန်းမာရေး ချို့တဲ့သည့်အတွက်ကြောင့် သားတော်တစ်ဦးသာလျှင် ထွန်းကားခဲ့ပေသည်။ သူ ကွယ်လွန်သွားသောအခါ အင်အားကြီးမားသော မိသားစုမှ ဆင်းသက်လာခဲ့သော မင်းသား၏မယ်တော်သည် ရွှယ်ဝူရီက နန်းတော်ကို လက်ဝါးကြီးအုပ်ထားခြင်းအား ကျေနပ်ခြင်း မရှိပေ။ သူမသည် နန်းတွင်းကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် မယ်တော်ကြီးအား တိတ်တဆိတ် အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။

ထို့အပြင် ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်၏ ညီတော်များစွာတို့သည် အာဏာစုစည်းပြီး ထီးနန်းအတွက် ကြိုးပမ်းလာခဲ့ကြသည်။ မင်းသားငယ်လေးသည်သာ တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပါလျှင် သူတို့ထဲမှ တစ်ယောက်ယောက်က ဘုရင်အဖြစ် တရားမျှတစွာ သရဖူဆောင်းနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နန်းတော်ထဲတွင် အုပ်စုများ ကွဲနေကြပြီး အုပ်စုကိုယ်စီ၌ သခင်များနှင့် ရည်မှန်းချက်ကိုယ်စီများ ရှိကြသည်။

အချိန်ဆယ်နှစ်ကြာသည့်တိုင်အောင် ရွှယ်ဝူရီသည် သူ၏အရှင်သခင်အား ဆယ်ကျော်သက်အရွယ် ရောက်လာသည်အထိ ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်။ သို့သော်လည်း သူ၏မယ်တော်နှင့် မလိုတမာစိတ်ရှိသူများ၏ ဝါဒဖြန့်စကားများအောက်တွင် ကလေးသည် သူနှင့်ဝေးရာသို့ တဖြေးဖြေး ရောက်သွားခဲ့သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now