အခန်း (၆၀)

568 73 1
                                    

Unicode
.
.
ခက်ခဲသောကာလ၌ ပုန်ကန်ထကြွမှုသည် ကူးစက်ပြန့်ပွားလွယ်ပေသည်။ အသက်ရှင်သန်ရေးအတွက်ဖြစ်စေ၊ ဒေါသတရားများကို ဖြေဖျောက်ရန်အတွက် ဖြစ်စေ၊ ပြည်သူများသည် လူထုအုံကြွမှု၌ ပါဝင်ရန် အလွယ်တကူ ယုံကြည်လက်ခံကြသည်။

ပုန်ကန်ထကြွသူများသည် ဒေသခံအရာရှိများကို ဦးစွာနှိမ်နှင်းပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို သိမ်းပိုက်လိုက်ကြသည်။ ထို့နောက် သူတို့သည် လူချမ်းသာများထံမှ လုယက်ပြီး ဆင်းရဲသားတို့အား အစားအသောက်နှင့် ရွှေငွေများကို ဝေငှပေးကြ၏။ သူတို့သည် နာမည်ဂုဏ်သတင်းမကောင်းသူများထံမှသာ လုယက်ကြပြီး မဆင်မခြင် သတ်ဖြတ်ခြင်းမျိုးတော့ မရှိပေ။ လူအများက သူတို့ကို စေတနာအပြည့်ဖြင့် ထောက်ခံကြသည်။ သူတို့၏ဩဇာလွှမ်းမိုးမှု အထွတ်အထိပ်သို့ ရောက်လာချိန်တွင် လူအများက သူတို့ကို "ပြည်သူ့အမျိုးသားစစ်တပ်" ဟူ၍ ခေါ်ဆိုကြသည်။

စုကျိုး၏စစ်သူကြီး ရှန်းထူရှုသည် ထိုသတင်းကို ရရှိသောအခါ ပုန်ကန်မှုကို ထိန်းချုပ်ရန်အတွက် တပ်များကို ချက်ချင်းတပ်ဖြန့်ခဲ့လေသည်။ သို့သော် သူ၏ တပ်သားအများစုတွင် လူထုအုံကြွမှု၌ ပါဝင်နေကြသော ဆွေမျိုးများနှင့် မိသားစုဝင်များ ရှိကြ၏။ ထို့အပြင် သူပုန်စစ်တပ်သည် သူ၏တပ်ထက် အရေအတွက် သာလွန်သည်။ ရှန်းထူရှုသည် ယဲ့ကျင့်သို့ အကူအညီတောင်းရန်မှတစ်ပါး သူ့မှာ ရွေးချယ်စရာ မရှိတော့ချေ။

ဧကရာဇ်အန်းချင်းသည် ထိုသတင်းကို ကြားသောအခါ ဒေါသထွက်သွားလေသည်။

ဤဖြစ်ရပ်မတိုင်မီက ဧကရာဇ်သည် စိတ်အားထက်သန်နေခဲ့ခြင်း ဖြစ်သည်။ အသစ်ခန့်အပ်ထားသော တာအိုဆရာသခင်သည် ယခုနှစ်တွင် ဒုက္ခများ ကြုံတွေ့ရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ယင်းကို ဖြေရှင်းရန်အတွက် သူသည် ဦးစွာ ကံဆိုးမိုးမှောင်ကျခြင်းကို ကာကွယ်ရန် သူ့အနီးအနား၌ တစ်စုံတစ်ဦးကို လိုအပ်ပြီး၊ ဒုတိယအနေဖြင့် ကောင်းကင်ဘုံကို ကျေနပ်စေရန် ၉၉ ထပ်ရှိသော စေတီတည်ရန် လိုအပ်၏။ ထိုသို့လုပ်ပြီးသည်နှင့် သူသည် အင်မော်တယ်များကဲ့သို့ အသက်ရှည်ကာ ကြွယ်ဝချမ်းသာသောဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now