အခန်း (၆၇)

615 82 2
                                    

Unicode
.
.
စာများအား ပေးပို့ထားပြီး ဖြစ်သော်လည်း ထိုကဲ့သို့သော ရာစုနှစ်ဟောင်းမှ အဖြစ်အပျက်များကို စူးစမ်းလေ့လာရန် အချိန်ယူရမည် ဖြစ်သည်။ သို့သော် ဆန့်ကျင့်ဘက်အနေဖြင့် အမျိုးသမီးယွီဆီမှ အန်းချန်ချင်းထံသို့ ပြန်စာ ပေးပို့လာခြင်း ပါပင်။

ယန်ကျိုးသို့ ရောက်ပြီး နောက်ပိုင်းတွင် အန်းချန်ချင်းသည် သူ၏မိခင်ရှိရာ ယဲ့ကျင့်သို့ လ,ကုန်ရက်တိုင်း စာပို့လေ့ရှိသည်။ သို့သော် သူ၏ဗိုက်ထဲမှ ကလေးနှင့် ပတ်သက်သော အချက်အလက်များ ပို၍လိုအပ်နေသည့်အတွက်ကြောင့် သူသည် စာအား စောစီးစွာ ပေးပို့လိုက်ခြင်း ဖြစ်သည်။ လုံခြုံမှု မရှိမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အန်းချန်ချင်းသည် စာထဲ၌ များစွာ ရှင်းပြထားခြင်း မရှိဘဲ ရေသူမျိုုးနွယ်အကြောင်း တစ်စုံတစ်ရာ သိသလား ဟူ၍သာ မေးမြန်းထားခြင်း ဖြစ်သည်။ အကယ်၍ သူမသာ သိမည်ဆိုလျှင် သူမသည် စာထဲ၌ ၎င်းအား သေချာစွာ ဖော်ပြထားလိမ့်မည်ပင်။

အန်းချန်ချင်း စာအား ဖွင့်ဖောက်လိုက်၏။ အမျိုးသမီးယွီ၏ အကြောင်းပြန်စာက ပုံမှန်သာ ဖြစ်သည်။ ဦးစွာ သူမနှင့် ရှန်းယွီတို့သည် အိမ်၌ အရာအားလုံး အဆင်ပြေပြေ ရှိကြောင်း ရေးသားထားလေသည်။ နောက်ဆုံး သူမက ပါးနပ်စွာဖြင့် ပြန်လည် မေးမြန်းထားသည်မှာ ထိုရေသူမျိုးနွယ်အကြောင်းအား မည်သည့်နေရာမှ ကြားလာကြောင်းနှင့် အရာအားလုံး အဆင်ပြေ၍လား ဟူ၍ပင်။

အန်းချန်ချင်းသည် ထူးခြားသော အခိုက်အတန့်တစ်ခုအား ပြန်လည် မှတ်မိသွား၏။ သူသည် သူ၏အမေနှင့် ညီမငယ်အား ဝမ်အိမ်တော်သို့ ပြန်ခေါ်ဆောင်လာပြီးနောက်၊ ရှောင်ကျစ်ကောနှင့်သူ တစ်အိပ်ရာတည်း အတူ အိပ်ပြီးသည့်အချိန်က သူ့အမေက သူ့အား ထူးထူးခြားခြား အရာများ ဖြစ်သွားခြင်း ရှိ၊ မရှိ စိုးရိမ်စွာဖြင့် မေးမြန်းခဲ့ခြင်းပင်။ အမေ၏ မေးခွန်းသည် အလွန်ထူးဆန်းသည်ဟု သူထင်ခဲ့ပြီး သူ့ကို အလွန်အမင်း စိုးရိမ်၍ မေးမြန်းခြင်းသာ ဖြစ်သည်ဟု သူ ယူဆခဲ့သည်။ သို့သော် ယခုအခါ သူ စဉ်းစားကြည့်လိုက်သောအခါ သူ၏အမေထံ၌ သူ့အား မပြောပြဖူးသော အရာတစ်ခုတော့ ရှိနေလိမ့်မည် ဟူ၍ပင်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now