အခန်း (၅၈)

606 71 1
                                    

Unicode
.
.
ချီဝေ့နှင့် အပေါင်းအဖော်များမှာ ရှောင်ကျစ်ကောနှင့် ဆွေးနွေးရန် ကိစ္စရပ်များ ရှိနေကြသည်။ ရှောင်ကျစ်ကော ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းအား ကြားသိလိုက်ရသောကြောင့် သူတို့သည် စစ်သူကြီးအိမ်တော်သို့ အမြန်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

စစ်သူကြီး၏ ရှားရှားပါးပါးပြုံးနေသော မျက်နှာကို မြင်လိုက်ရသောအခါ ချီဝေ့သည် စစ်သူကြီး၏ရှေ့တွင် သူ့လက်ကို မနေနိုင်တော့စွာ ဝှေ့ယမ်းလိုက်မိ၏။

"စစ်သူကြီး"

ရှောင်ကျစ်ကောသည် သူ၏အပြုံးကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူက ချီဝေ့ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။

"မင်းတို့က ဘာလို့ ဒီနေရာမှာ ရှိနေကြတာလဲ။ တစ်ခုခု ဖြစ်လို့လား"

ချီဝေ့သည် ယခုလောလောဆယ်တွင် ဖြစ်ပျက်သွားသော စစ်သူကြီး၏အမူအရာနှင့် ပတ်သက်၍ စပ်စုလိုနေသေးကာ သူသည် နားပူနာဆာ လုပ်လိုက်သည်။

"စစ်သူကြီးကို ကြည့်ရတာ ပျော်နေပုံပဲ။ စစ်သူကြီးမှာ ကျွန်တော်တို့အတွက် သတင်းကောင်းများ ရှိနေလို့လား"

အကယ်၍ သတင်းကောင်းများ ရှိပါလျှင် လူတိုင်းကို ထိုအရာအား မျှဝေပေးသင့်သည် မဟုတ်ပါလား။ ထို့အပြင် သူတို့သည် ရှောင်ကျစ်ကော၏ ထိုကဲ့သို့သော အပြုအမူအား မည်သည့်အခါကမှ မမြင်ဖူးခဲ့ကြချေ။ ယင်းမှာ အမှန်ပင် သတင်းကြီး တစ်ခုဖြစ်ရပေမည်။

ရှောင်ကျစ်ကောသည် ချီဝေ့၏အတွေးများအား မေးနေစရာမလိုဘဲ သိသည်။ သို့သော် သူသည် ယနေ့အဖို့ စိတ်ကောင်းဝင်နေသည် ဖြစ်လေရာ ချီဝေ့အား အပြစ်တင်စကား မဆိုလိုက်တော့ပေ။ ရှောင်ကျစ်ကောက သူ့အား သနားကြည့်ကြည့်ကာ ပြောလိုက်သည်။

"ဒါက တကယ့်ကို ပျော်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပဲလေ။ ဒါပေမဲ့ တစ်ယောက်တည်းသမားတွေ အတွက်တော့ ဒါကို နားလည်နိုင်မှာ မဟုတ်ဘူးပေါ့"

ချီဝေ့ "..."

တစ်ယောက်တည်းသမား ဖြစ်နေတာက ဘာများမှားနေလို့ပါလိမ့်။ ထိမ်းမြားပြီးရင်ကော ဘယ်လိုပျော်ရွှင်မှုမျိုးကို ရနိုင်မလို့လဲ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now