အခန်း (၄၇)

608 76 2
                                    

Unicode
.
.
ထိုနေ့ညနေခင်းတွင် အန်းချန်ချင်းသည် နောက်ဆုံးမှာတော့ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့လေသည်။ လွန်ခဲ့သောရက်အနည်းငယ်က လမ်းတစ်လျှောက်၌ သူသည် ယန်ကျိုး၏အခြေအနေကို တစ်ချိန်လုံးတွေးတောနေခဲ့မိ၏။ ထို့အပြင် အန်းချန်ချင်းသည် ထို့နေ့ရက်များ၌ ယခင်ဘဝမှ အကြောင်းအရာများကို အိပ်မက်မက်လေ့ရှိပြီး ညသန်းခေါင်ရောက်တိုင်း အိပ်ရာမှ လန့်နိုးလာလေ့ရှိသည်။

ထိုသည်မှာ သူသည် ရှောင်ကျစ်ကောနှင့် မတွေ့မီအချိန်အထိသာ ဖြစ်ပြီး သူ ရှောင်ကျစ်ကောနှင့် တွေ့ပြီးနောက်မှာတော့ အရာအားလုံး အဆင်ပြေသွားလိမ့်မည် ဖြစ်ကြောင်း အန်းချန်ချင်း သေချာသိနေခဲ့ပေသည်။

ရှောင်ကျစ်ကော၏ထွေးပွေ့ထားမှုကြောင့် အန်းချန်ချင်း၏ ခြေလက်များမှာ နွေးထွေးနေကာ သူသည် လုပ်နေကျအတိုင်းပင် ရှောင်ကျစ်ကော၏ နှလုံးခုန်သံများကို နားထောင်ရင်း ကောင်းစွာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက် အန်းချန်ချင်း အိပ်ရာမှ နိုးလာချိန်တွင် အချိန်မှာ အတော်ပင် ရှိနေခဲ့လေပြီ။ သူ၏ဘေးမှ နေရာမှာ အေးစက်နေပြီး ရှောင်ကျစ်ကော ထွက်သွားသည်မှာ အချိန်ကြာနေပြီ ဖြစ်လောက်ပေသည်။ သူ၏ခန္ဓာကိုယ်အား အနွေးဓာတ်က နွေးထွေးစွာ ရစ်ပတ်ထားသည့်အတွက်ကြောင့် သူ မသိလိုက်ခြင်း ဖြစ်နိုင်၏။ သူ မနိုးသည်မှာ မထူးဆန်းပေ။

ကျောဆန့်လိုက်ပြီးနောက် အန်းချန်ချင်းသည် ကိုယ်လက်သန့်စင်ရန် သွားလိုက်၏။ ဤနေရာ၌ အန်းဖူး မရှိနေလျှင်ပင် သူသည် မိမိကိုယ်ကိုယ် ဂရုစိုက်နိုင်ပေသည်။ သူသည် ကိုယ်လက်သန့်စင်ရန်အတွက် ရေအနည်းငယ်ယူရန် ကြေးအင်တုံကို ယူလိုက်၏။ အန်းချန်ချင်း တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် အစောင့်တပ်သားငယ်တစ်ဦး မတ်တပ်ရပ်နေသည်အား တွေ့လိုက်ရလေသည်။

တပ်သားလေးငယ်လေးသည် အန်းချန်ချင်းက ကြေးအင်တုံကို ကိုင်လျက် ထွက်လာသည်ကို မြင်သောအခါ သူက အလျင်အမြန် ပြောလိုက်လေသည်။

"ကျွန်တော် ဝမ်ဖေးကို ကူညီပါရစေ။ ဝမ်ဖေးအတွက် လိုအပ်တာတွေအားလုံး ဘေးအခန်းမှာ ပြင်ဆင်ထားပြီးသားပါတဲ့ စစ်သူကြီးက သေသေချာချာ အမိန့်ပေးထားခဲ့ပါတယ်"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now