အခန်း (၁၆)

704 80 0
                                    

Unicode
.
.
ကျိုးဟယ်လန်သည် ဆင်းရဲသည့်ဘဝမှ လာခဲ့သူဖြစ်သည်။ သူသည် အမျိုးသား ဘာသာရေးခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော်လည်း သူ၏အမေမှာ ရှီဝေ့အင်ပါယာမှ ဖြစ်သောကြောင့် သူသည် လူအများ၏ဝိုင်းပယ်ခြင်းကို ခံခဲ့ရသေးသည်။

လက်ရှိတွင် တာယဲ့အင်ပါယာ၊ ယွီစွဲ့အင်ပါယာနှင့် ရှီဝေ့အင်ပါယာတို့သည် အချင်းချင်း ထိန်းကျောင်းနိုင်သော အင်အားကြီးနိုင်ငံသုံးခု ဖြစ်သည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ၎င်းတို့သည် ပြည်တွင်းပဋိပက္ခများကြောင့် ကွဲပြားသွားခဲ့ရသော ဝေ့အင်ပါယာမှ ပေါက်ဖွားလာခဲ့သည့် တူညီသောမူရင်းဇာစ်မြစ်ပင် ဖြစ်သည်။

ဝေ့အင်ပါယာ ပြိုကွဲသွားပြီးနောက်တွင် စစ်သူကြီးချုပ် ရှစ်ယောက်တို့သည် ၎င်းတို့၏ နယ်မြေကို သီးခြားစီ အချိန်အတော်ကြာ အုပ်ချုပ်ခဲ့ကြပြီး ကျူးပြည်နယ်၏ စစ်သူကြီးချုပ် ရှောင်ယန်ဟုန်က နယ်မြေများကို စုစည်းကာ စည်းလုံးညီညွှတ်အောင် ပြုလုပ်ခဲ့သောကြောင့် နောက်ပိုင်းတွင် အခြားသောစစ်သူကြီးချုပ် ငါးယောက်တို့က သူ့ကို ဘုရင်အဖြစ် ရွေးချယ်တင်မြောက်ခဲ့ကြသည်။ သူသည် တာယဲ့အင်ပါယာနှင့် ၎င်း၏ မြို့တော်ယဲ့ကျင့်၏ ပထမဆုံးသောဧကရာဇ် ဖြစ်လာခဲ့ပေသည်။

တခြားသော စစ်သူချုပ်ကြီး နှစ်ယောက်ဖြစ်သည့် ရွှယ်ချန်နှင့် ဟွိုက်ရှုအန်းတို့သည် ဧကရာဇ်အသစ်ကို လက်ခံရန် ငြင်းဆိုခဲ့ကြကာ သူတို့ကိုယ်တိုင်ပင် တာယဲ့အင်ပါယာထဲမှ နှုတ်ထွက်ခဲ့ကြသည်။ ရွှယ်ချန်သည် ရှီဝေ့မျိုးနွယ်စုနှင့် ပေါင်းစည်းကာ ရှီဝေ့အင်ပါယာကို တည်ထောင်ခဲ့ပြီး ဟွိုက်ရှုအန်းသည် ဖုလျှန့်ဒေသကို အုပ်စိုးကာ ယွီစွဲ့အင်ပါယာကို တည်ထောင်ခဲ့လေသည်။

ထို့ကြောင့် ရာစုနှစ်တစ်ခုကျော်ကြာပြီးနောက် ဝေ့အင်ပါယာသည် ယိုယွင်းလာခဲ့ပြီး ၎င်း၏ နေရာတွင် မဏ္ဍိုင်သုံးခုဖြစ်သည့် တာယဲ့၊ ယွီစွဲ့နှင့် ရှီဝေ့တို့ ဖြစ်တည်လာခဲ့ကြသည်။

ကျိုးဟယ်လန်၏မိခင်သည် ရှီဝေ့အင်ပါယာ ဇာတိဖြစ်သည်။ ရွှယ်ချန် အုပ်ချုပ်ပြီးနောက်တွင် သူသည် မဟာမိတ်စာချုပ်ကို ချိုးဖျက်ပြီး ရှီဝေ့ပြည်သူများကို စတင် ဖိနှိပ်ခဲ့လေသည်။ နိုင်ငံကို ရှီဝေ့ဟု ခေါ်ဝေါ်ဆဲဖြစ်သော်လည်း ၎င်း၏ နိုင်ငံသားများသည် အောက်ခြေတွင်သာ အဆင့်သတ်မှတ်ခံထားရပြီး သူတို့သည် မကြာခဏပင် တိရစ္ဆာန်များကဲ့သို့ တရားဝင် ရောင်းချနိုင်သည့် ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ခံထားကြရသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now