အခန်း (၁၇)

728 81 0
                                    

Unicode
.
.
ချင်းယွင်တောင်ခြေရှိ အိမ်ကို ရရှိလိုက်ပြီးနောက် အန်းချန်ချင်းသည် ထိုနေရာကို ပြန်လည်ပြုပြင်ရန်နှင့် သန့်ရှင်းရေးလုပ်ရန်အတွက် လက်သမားတစ်ယောက် ငှားရမ်းလိုက်သည်။ အိမ်သည် နေထိုင်ရန် အသင့်ဖြစ်ချိန်၌ နှစ်သစ်ကူး၏ ဆယ့်နှစ်ရက်မြောက်နေ့ပင် ဖြစ်နေလေပြီ။

နှစ်သစ်ကူးပွဲတော် နီးကပ်လာသည့်အချိန်တွင် နန်းတော်မှ ရှောင်ကျစ်ကောနှင့် အန်းချန်ချင်းတို့အား နန်းတော်ထဲသို့ ဝင်ရောက်ရန် ဆင့်ခေါ်စာပေးပို့ခဲ့လေသည်။

တော်ဝင်ဓလေ့ထုံးတမ်းများအရ ဝမ်ဖေးအနေဖြင့် ထိမ်းမြားပြီးမြောက်သည့်နောက်တွင် သူတို့၏ကျေးဇူးတင်ကြောင်းကို ဖော်ပြရန်အတွက် နန်းတော်ထဲသို့ ဝင်ရမည်ဟု အန်းချန်ချင်းက မှတ်ယူထားလေသည်။ သို့သော် ရှောင်ကျစ်ကောနှင့် သူ၏ဝမ်ဖေးမှာ ယောကျ်ားလေး ဖြစ်သဖြင့် သဘောကျနှစ်သက်သူ အများအပြား မရှိသောကြောင့် နန်းတော်ထဲသို့ ဝင်ရောက်ခြင်းသည် မကျေနပ်မှုကို ဖော်ပြခြင်းသာ ဖြစ်ပေါ်စေသည်။ ဧကရာဇ်မင်းမြတ်က သူတို့၏ လက်ထပ်ထိမ်းမြားခြင်းကို ခွင့်ပြုပေးထားသောကြောင့် သူတို့အား ဤဓလေ့ထုံးတမ်းမှ ကင်းလွတ်စေတော်မူလေသည်။

ထို့ကြောင့်ပင်လျှင် အန်းချန်ချင်းသည် ယခုအချိန်အထိ နန်းတော်ထဲသို့ မရောက်ဖူးသေးပေ။

မိန်းမစိုးနှင့် တွေ့ပြီးသည့်နောက်တွင် အန်းချန်ချင်းသည် မျက်မှောင်ကြုတ်ထားမိ၏။ သူ၏ ယခင်ဘဝတွင် ဤကဲ့သို့သော ဆင့်ခေါ်မှုမျိုး မရှိခဲ့ပေ။ သူတို့ ထိမ်းမြား လက်ထပ်ပြီးသည့် နောက်တစ်နှစ်တွင် ရှောင်ကျစ်ကောနှင့် သူသည် နန်းတော်သို့ နှစ်သစ်ကူးပွဲတော်အတွက် ဖိတ်ကြားခြင်း ခံခဲ့ရလေသည်။

နန်းတော်တွင် မရေမတွက်နိုင်သော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ နန်းတွင်းသို့ မဝင်မီ နေ့ရက်များတွင် သူသည် နန်းတွင်း၌ အမှားလုပ်မိကာ ရှောင်ကျစ်ကောအား ဒေါသထွက်မိစေမည်ကို စိုးရိမ်ခြင်းကြောင့် အိပ်မရသော ညပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရ၏။ နန်းတော်ထဲတွင် သူသည် တစ်ချက်မျှပင် လှည့်လည်မကြည့်ရဲဘဲ နှစ်သစ်ကူးပွဲတော်ကို ကြောက်လန့်တကြားဖြင့်သာ ဖြတ်သန်းခဲ့ရလေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now