အခန်း (၃၂)

562 74 1
                                    

Unicode
.
.
လူတိုင်း နေရာယူပြီးကြသောအခါ နောက်ဆုံး၌ ဧကရာဇ်အန်းချင်း ရောက်ရှိလာသည်။

ဧကရာဇ်အန်းချင်းသည် အသက်လေးဆယ်အရွယ် ဝဝဖိုင့်ဖိုင့် ယောကျ်ားတစ်ယောက် ဖြစ်သည်။ သူ့တွင် ဖြူသောအသားအရည်နှင့် ရှည်လျားသောမုတ်ဆိတ်မွေးလည်းရှိသည်။ သူ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကြကာ အရိုအသေပေးလိုက်ကြလေသည်။ ထို့နောက် ဧကရာဇ်အန်းချင်းက လက်ဝှေ့ယမ်းပြလျက် သူတို့အား ထိုင်စေကာ ပွဲတော်ကို စတင်စေလိုက်၏။

မိန်းမစိုးက ပွဲတော်စတင်ရန် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ နန်းတော်အစေခံများက ဧည့်သည်တော်များကို အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံနေစဉ် တေးဂီတသံစဉ်သည် ပျံ့လွင့်လာနေခဲ့လေပြီ။ ခန်းမအလယ်၌ ပုဝါပါးပါးဖြင့် မျက်နှာကို ဖုံးအုပ်ထားကြသော ကချေသည်များသည် သူတို့၏ဖျော်ဖြေမှုကို မစတင်မီ ဧကရာဇ်အရှင်ကို ဦးစွာ အရိုအသေပေးလိုက်ကြ၏။

ဧကရာဇ်အန်းချင်းသည် စိတ်ဝင်စားသွားခဲ့ရသည်။ သူက ထိုင်ခုံကို မှီထားလျက် ဂီတသံစဉ်နှင့်အတူ စားပွဲကို စည်းချက်ကျကျ ခေါက်နေ၏။

အန်းချန်ချင်းသည် ကပြဖျော်ဖြေနေခြင်း၌ စိတ်ဝင်စားနေခြင်း မရှိပေ။ ထိုအစား သူသည် သူကိုယ်တိုင်သောက်ရန်အတွက် သေရည်တစ်ခွက်ပြီး တစ်ခွက် လောင်းထည့်နေလေသည်။ နှင်းဇီးသီးဝိုင်သေရည်သည် အနံ့အရသာ သိပ်မပြင်းကာ သောက်ရသည်မှာ အလွန်ပင် နွေးထွေးပြီး အရသာရှိပေသည်။ အန်းချန်ချင်းသည် ၎င်းကို အလွန်ပင် သဘောတွေ့နေ၏။ သို့သော် သူ ခြောက်ခွက်မြောက် သောက်ပြီးသည့်နောက်တွင် ရှောင်ကျစ်ကောက သူ၏ခွက်အား အဝေးသို့ ဖယ်ရှားလိုက်၏။

ထို့နောက်တွင် ရှောင်ကျစ်ကောသည် အမဲသားဟင်းပွဲထဲမှ အမဲသားတစ်တုံး ခပ်ယူကာ အန်းချန်ချင်း၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ငြင်းပယ်၍မရနိုင်သောလေသံဖြင့် သူက ပြောလိုက်၏။

"ဆက်မသာက်နဲ့တော့။ အရင်ဆုံး မင်းရဲ့အစာအိမ်ကို တစ်ခုခုစားပြီးတော့ ဖြည့်ရအုံးမယ်လေ"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now