အခန်း (၆၂)

454 64 0
                                    

Unicode
.
.
ရှဲ့လင်သည် စုကျိုး၏စစ်သူကြီး အိမ်တော်မှ ထွက်ခွာပြီး ခန်းယုံစီရင်စုသို့ မရောက်မီ နေ့တစ်ဝက်ကြာ ခရီးနှင်ခဲ့ရသည်။

ယခုအခါ ခန်းယုံစီရင်စုကို ပြည်သူ့အမျိုးသားစစ်တပ်က သိမ်းပိုက်ထားခြင်း ဖြစ်သည်။ ၎င်းကို တောင်များနှင့် မြစ်များ ဝန်းရံထားသောကြောင့် ဖြတ်သွားနိုင်သော လမ်းသုံးလမ်းသာ ရှိသဖြင့် ထိုလမ်းများအားလုံးကို ပုန်ကန်မှုတွေ ပါဝင်သူများက စောင့်ကြပ်နေကြသည်။ ပုန်ကန်မှုတွင် ပါဝင်သူ အဖွဲ့ဝင်များအားလုံးသည် သူတို့၏ခါးတွင် အပြာရောင်ပိတ်စဖြင့် ချည်နှောင်ထားကြပြီး မိမိကိုယ်ကိုယ် ဖော်ပြထားကြသည်။ အများစုသည် လက်နက်အဖြစ် ပေါက်ပြား သို့မဟုတ် ပုဆိန်ကို ကိုင်ဆောင်ကြ၏။ ပေသိတပ်ကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော ရှဲ့လင်အတွက်တော့ သူတို့အားလုံးသည် တက်ကြွနေပုံရသော်လည်း၊ သူတို့က အတော်လေး မိုက်ရူးရဲဆန်သည့်ပုံပေါက်၏။

ဤပြည်သူ့အမျိုးသားစစ်တပ်၏ တစ်ခုတည်းသော အင်အားသည် ကိန်းဂဏန်းများ အပေါ်တွင်သာ မူတည်သည်။ သို့သော်လည်း စစ်တပ်က ပိုကြီးမားလာလေလေ၊ လက်နက်နှင့် ချပ်ဝတ်တန်ဆာများ ပို၍ လိုအပ်လာလေလေပင်။ သေခြင်းတရားကို မကြောက်သော စိတ်ဓာတ်တစ်ခုတည်းဖြင့် တာယဲ့၏တပ်များ အားလုံးကို တိုက်ခိုက်နိုင်ရန်မှာ မဖြစ်နိုင်ချေ။ ၎င်းသည် စစ်မြင်းရထားလုံးကို ရပ်တန့်ရန် ကြိုးစားနေသည့် ဓားခုတ်ကောင်တစ်ကောင် ကဲ့သို့ပင်။

ရှောင်ကျစ်ကောက သူ့ကို ဤနေရာသို့ လွှတ်လိုက်သည်မှာ အံ့ဩစရာ မရှိချေ။

တတိယမင်းသား မဆိုထားနှင့် အကယ်၍ ရှန်းထူရှုက သူတို့အပေါ် ကရုဏာတရား မရှိခဲ့ပါလျှင် စုကျိုးစစ်တပ်က ဤအစုအဖွဲ့ကို အလွယ်တကူ ဖြုတ်ချနိုင်ပေသည်။

ရှဲ့လင်သည် လမ်းမကြီးဆီသို့ သွားသည့် လမ်းဆုံတစ်နေရာတွင် မြင်းကို ရပ်လိုက်၏။ သူသည် နယ်မြေတစ်ဝိုက်ကို စေ့စေ့စပ်စပ် အကဲခတ်ပြီး သိပ်မကြာမီမှာပင် ပုဆိန်နှစ်ချောင်း ကိုင်ဆောင်ထားသော ကင်းစောင့်တစ်ယောက်က သူ့ဆီသို့ ချဉ်းကပ်လာလေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Tahanan ng mga kuwento. Tumuklas ngayon