အခန်း (၆၄)

413 58 0
                                    

Unicode
.
.
ညစာ စားပြီးနောက်တွင် ဇနီးမောင်နှံ နှစ်ယောက်သည် အစာကြေစေရန် လမ်းလျှောက်ထွက်လိုက်ကြ၏။

ဇွန်လ ရောက်နေပြီ ဖြစ်ပြီး ရာသီဥတုက ပို၍ ပူအိုက်လာနေသည်။ ထိုအပူသည် နွေရာသီ ကဲ့သို့ မပြင်းထန်သော်လည်း၊ အန်းချန်ချင်းသည် ၎င်းကြောင့် မသက်မသာ ဖြစ်နေရလေသည်။ ပါးလွှာသောဝတ်ရုံက သူ၏ခန္ဓာကိုယ်ကို အပူဒဏ်မှ သက်သာစေရန် မလုံလောက်ချေ။ သူ၏ခန္ဓာကိုယ် အပူချိန် မြင့်မားမှုကြောင့် ညအချိန်တွင် ပွေ့ဖက်ခြင်း မပြုရန် ရှောင်ကျစ်ကောသည်လည်း တားမြစ်ခြင်း ခံထားရလေ၏။

စိတ်ပျက်လက်ပျက်ဖြစ်သွားရသော ရှောင်ကျစ်ကောသည် အန်းချန်ချင်းအတွက် အထူး ပိုးသားလက်တိုဝတ်ရုံနှင့် ဘောင်းဘီတစ်ထည် ချုပ်လုပ်ပေးရန် အမိန့်ပေးခဲ့သည်။ ပါးလွှာသောဝတ်ရုံနှင့်အတူ သူ၏အသားအရည်ကို ထုတ်ဖော်ပြသခြင်း ခံနေရလေရာ နောက်ဆုံးမှာတော့ အန်းချန်ချင်းသည် အပူဒဏ်အတွက် မကျေမနပ်ဖြစ်ခြင်းကို ရပ်တန့်လိုက်ရတော့သည်။

ယနေ့ည၌ ရေချိုးပြီးနောက်တွင် အန်းချန်ချင်းသည် အိပ်ရာဘေးတွင် ထိုင်လျက် လယ်ယာမြေဥပဒေအား မည်ကဲ့သို့ မြှင့်တင်ရမည်ကို စဉ်းစားနေ၏။ ရှောင်ကျစ်ကော အခန်းထဲသို့ ဝင်လာသောအခါ ပါးလွှာသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူ၏ ဝမ်ဖေးအား မြင်လိုက်ရချိန်၌ သူ၏ကိုယ်တွင်း မီးလောင်ကျွမ်း သကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်ကျစ်ကောသည် ရှေ့တိုးသွားကာ လိုက်ကာစကို ဖယ်လိုက်ပြီးနောက် အန်းချန်ချင်း၏ နှုတ်ခမ်းပေါ်သို့ ညင်သာစွာ နမ်းလိုက်လေသည်။ သူသည် အိပ်ရာဘေးမှ ချောဆီဗူးအား ခပ်သွက်သွက် လှမ်းယူလျက် ပြောလိုက်၏။

"ကိုယ်တို့ ဒီည ကြိုးစားကြည့်ကြမလားဟင်။ ဟူရှစ်ဖေး ပြောတာတော့ ဒါက ပျော်ရွှင်မှုကို မြှင့်တင်ပေးနိုင်သလို မင်းရဲ့ ခန္ဓာကိုယ်ကိုလဲ ကူညီပေးနိုင်တယ်တဲ့..."

အန်းချန်ချင်းသည် အရင်တုန်းကလိုမျိုး စိတ်အားထက်သန်မှု ရှိမနေတော့ဘဲ ခံစားချက် ကင်းမဲ့နေခဲ့သည်။ ထို့အပြင် သူသည် အပူဒဏ်ကို ဆိုးရွားစွာ ခံစားနေရ၏။ ယင်းကို လုပ်ဆောင်ရန် မဆိုထားနှင့်၊ ရိုးရိုးရှင်းရှင်း လဲလျောင်းနေရခြင်းကပင် ခံစားနေရသည့် အပူဒဏ်က လုံလောက်နေပါပြီ။ သို့သော်လည်း ရှောင်ကျစ်ကော၏ ကျွမ်းလောင်နေသော အကြည့်ကြောင့် သူ့နှလုံးသားလေးမှာ တုန်လှုပ်သွားရပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာလည်း ယားယံသွားခဲ့ရလေတော့သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now