အခန်း (၃၇)

533 68 2
                                    

Unicode
.
.
အန်းချန်ချင်းသည် နေရာ၌ပင် ရပ်ကျန်နေခဲ့ရင်း သူ၏ခေါင်းထဲတွင်လည်း ရှောင်ကျစ်ကောက ဤအချိန်တိုလေးအတွင်း မည်သည့်အရေးကိစ္စကြောင့်များ အလုပ်ရှုပ်နေရသလဲဆိုသည့် အတွေးများဖြင့် ပြည့်နှက်နေလေတော့သည်။ သူ မိန်းမောတွေဝေနေသည့်အချိန်မှာပင် တစ်ယောက်ယောက်က သူ့နာမည်အား ခေါ်လိုက်သံကို ကြားလိုက်ရ၏။

"ဝမ်းကွဲညီလေးချန်ချင်း..."

လီဟိုင်ယွင်၏မျက်လုံးများသည် အန်းချန်ချင်းကို ကြည့်နေရင်း တောက်ပနေလေသည်။ မူးယစ်နေသည့်အရှိန်ဖြင့်ပင် သူသည် အန်းချန်ချင်း၏လက်ကို ဆွဲကိုင်ရန် သူ့ဆီသို့ တိုးကပ်သွားလိုက်လေသည်။

"ငါ..."

"အစ်ကိုဟိုင်ယွင်... ဘာကိစ္စရှိလို့ ဒီနေရာကို ရောက်နေတာလဲ"

လီဟိုင်ယွင်၏နီရဲနေသောမျက်နှာနှင့် သူ့ဆီမှထွက်လာနေသော သေရည်နံ့ကြောင့် အန်းချန်ချင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူက ပြောလိုက်သည်။

"အစ်ကိုနဲ့အတူ တစ်ယောက်မှပါမလာဘူးလား။ အစ်ကိုကို ပြန်ပို့ဖို့ ကျွန်တော် တစ်ယောက်ယောက်ကို သွားခေါ်လိုက်အုံးမယ်"

လီဟိုင်ယွင်သည် အန်းချန်ချင်းကို ဝမ်းနည်းမှုများစွာဖြင့် ကြည့်နေသည်။

"ငါ မင်းကို ရှာဖို့ ဒီကို လာခဲ့တာပါ...။ မင်း... မင်း ငါ့ကို စိတ်ဆိုးနေသေးလား"

သူသည် ထစ်ထစ်အအဖြင့်ပင် စတင်ရှင်းပြလေတော့သည်။

"ငါ မသိခဲ့ဘူး... မင်း မြောက်ပိုင်းစစ်ဘုရင်နဲ့ ထိမ်းမြားလိုက်တာကို ငါ မသိခဲ့ဘူး။ သူတို့အားလုံး ငါ့ကို ဖုံးကွယ်ထားခဲ့ကြတယ်။ အိမ်ကို ပြန်ရောက်ရောက်ချင်းပဲ စီစဉ်ထားတဲ့ထိမ်းမြားပွဲကို ငါ ငြင်းဆန်ခဲ့တယ်။ တော်ဝင်စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ပြီးတာနဲ့ ငါ့မိသားစုနဲ့အတူ လာဖို့ ငါ စီစဉ်ထားခဲ့တာလေ... ငါ... ငါ အရမ်းနောက်ကျသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

ယနေ့တွင် ဤပုဂ္ဂိုလ်နှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း အန်းချန်ချင်း တွေးလိုက်မိကာ သူ့မှာ စိတ်ရှုပ်သွားခဲ့လေတော့သည်။ သူနှင့် လီဟိုင်ယွင်၏ ဆက်ဆံရေးသည် သိပ်ပြီးရင်းနှီးမှုမရှိလေရာ အန်းချန်ချင်းမှာ စိတ်ရှည်ရှည် မထားနိုင်တော့ပေ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now