အခန်း (၆၉)

742 97 1
                                    

Unicode
.
.
အန်းချန်ချင်း ငယ်စဉ်အခါက သူ၏အဖေသည် သူ၏အစ်ကိုများအားလုံးနှင့်မတူညီစွာ သူ့အား မည်သည့်အကြောင်းကြောင့်များ ဆက်ဆံရသလဲဆိုသည်ကို အမြဲတွေးခဲ့မိသည်။ မိသားစု၏ နှစ်သစ်ကူးပွဲတော်ဖြစ်စေ သို့မဟုတ် အသိမိတ်ဆွေများ၏ ဖိတ်ကြားပွဲများကိုပင် ဖြစ်စေ သူသည် အမြဲတမ်းချန်ထားခံရပြီး လျစ်လျူရှုခံရပေသည်။ ပိုဆိုးသည့်အရာမှာ တစ်ချိန်က သူတို့သားအမိနှစ်ယောက်မှာ အစ်ကျစ်ခယ်၏ အသည်းကျော်လေးများ ဖြစ်ခဲ့ကြသည်ကို အစေခံများကပင် မကြာခဏ ပြောဆိုလှောင်ပြောင်ခဲ့ကြခြင်းပင်။ သို့သော်လည်း သူသည် ထိုစကားများကို နားထောင်မိလေလေ မျှော်လင့်ချက်များ ရှိနေလေ ဖြစ်ခဲ့ပြီး ရွှေထီးဆောင်းခဲ့ရသော ထိုနေ့ရက်များအကြောင်း ခံစားရလေလေပါပင်။ နောက်ဆုံးမှာတော့ အန်းချန်ချင်းသည် တဖြည်းဖြည်း သူ၏ဖခင်အား စိတ်ပျက်ဖွယ်ရာများကိုသာ ခံစားခဲ့ရပြီး ထိုသူ့ဆီမှ မည်သည့်အရာကိုမျှ မမျှော်လင့်တော့ရန် သင်ယူခဲ့လေသည်။

သို့သော်လည်း သူ့ထံ၌ မေးခွန်းများ တရစ်ဝဲဝဲကျန်ရှိနေဆဲဖြစ်ပြီး သူ့အတွက် အဆင်မပြေသော အမှတ်တရများ ယူဆောင်လာမည်ကို စိုးရိမ်မိသောကြောင့် သူသည် သူ၏အမေကိုလည်း မမေးရဲကာ နှလုံးသားထဲ၌သာ မြှုပ်နှံထားခဲ့လေတော့သည်။

နောက်ပိုင်းမှာတော့ သူသည် ရှောင်ကျစ်ကောနှင့် အတူရှိခဲ့ပြီး အန်းကျစ်ခယ်နှင့် ပတ်သက်သော သူ၏မကျေမနပ်မှုများကို စွန့်လွှတ်ရန် သင်ယူပြီးနောက်တွင် သူ၏အဖေပေါ်၌ တွယ်တာမှု တစ်စုံတစ်ရာ မရှိတော့ပေ။

မထင်မှတ်ထားစွာပင်၊ နောက်ဆုံးမှာတော့ သူ စွန့်လွှတ်နိုင်ခဲ့ပြီး ငယ်စဉ်ကတည်းက သူ အမြဲခံစားခဲ့ရသော ချည်နှောင်မှုများမှာ ပြေလျော့သွားလေ၏။

ရယ်စရာကောင်းပုံရသော်လည်း သူ၏သားကို မုန်းတီးရသည့်အကြောင်းအရင်းက
အန်းကျစ်ခယ်၏ သိမ်ငယ်သော စိတ်သဘောထားနှင့် ကိုက်ညီလှပေသည်။

သူ၏နှလုံးသားထဲတွင် ကျန်ရှိနေသေးသော ကွဲလွဲမှုများသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now