အခန်း (၂၇)

621 73 0
                                    

Unicode
.
.
အန်းချန်ချင်းသည် ပန်းချီကားအား ပင်မခန်းမဆောင်ထဲသို့ ယူလာပြီး ချိတ်ဆွဲရန် နေရာကောင်းတစ်ခု လှည့်ပတ်ရှာလိုက်သည်။ ရှောင်ကျစ်ကောသည် အန်းချန်ချင်း၏ နောက်မှ မျက်မှောင်ကြုတ်လျက် လိုက်ပါလာ၏။

"ဒီပန်းချီကားက အဆင်မပြေဘူး။ နောက်တစ်ခုကိုပဲ ချိတ်ကြရအောင်လေ"

"ကျွန်တော်ကတော့ ဒါက အတော်လေးကောင်းတယ်လို့ ထင်တယ်"

အန်းချန်ချင်းက ပန်းချီကားအား နံရံအလွတ်ပေါ်တွင် ဆွဲဆန့်ကာ ပြောလိုက်၏။

"ပြီးတော့ဝမ်ရယ် နောက်တစ်ခု ဆွဲပြီးသွားရင်လဲ ကျွန်တော်တို့ ဒီမှာပဲ အမြဲချိတ်ထားလို့ရတယ်လေ"

ထိုသို့ ပြောပြီးသည်နှင့် ပန်းချီကား ချိတ်ဆွဲပေးရန် အန်ချန်ချင်းက တစ်စုံတစ်ယောက်အား ဝင်လာစေလိုက်၏။

"ဆိုးလိုက်တာ... ကျွန်တော်က ပုံဘယ်လို ဆွဲရမှန်းတောင် မသိပါလားနော်"

အန်းချန်ချင်းက အစေခံကောင်လေးအား ပန်းချီကားချိတ်ဆွဲရန် မှန်ကန်သောအနေအထားကို ပြရင်း ပြောလိုက်သည်။

"မဟုတ်ရင် ကျွန်တော် ဝမ်ရယ့်ပုံတူပန်းချီ ဆွဲပြီး ဒီမှာ အတူတူ ထားနိုင်မှာ။ ဒါမှမဟုတ် ကျွန်တော်တို့နှစ်ယောက်ပုံ ဆွဲပေးဖို့ ပန်းချီဆရာတစ်ယောက် ရှာလိုက်ရမလားဟင်"

အန်းချန်ချင်း ဝမ်းသာအားရ ပြောနေသည်ကို ကြည့်နေရင်း သူ၏စကားများကို ကြားလိုက်ရသောအခါ ရှောင်ကျစ်ကော၏မျက်လုံးများထဲတွင် ရိပ်ကနဲ လှုပ်ရှားသွားတော့သည်။

နံရံပေါ်ရှိ ပန်းချီကား၏အနေအထားကို အကြိမ်ကြိမ်ချိန်ညှိပြီး နောက်ဆုံးတွင်တော့ အန်းချန်ချင်းသည် ကျေနပ်သွားလေတော့သည်။ ထို့နောက် ရှောင်ကျစ်ကောနှင့် သူ့အတွက် လက်ဖက်ရည် ယူလာပေးရန် အန်းဖူးကို ပြောလိုက်၏။

"ဝမ်ရယ်... အရင်တုန်းက ပုံဆွဲ သင်ဖြစ်ခဲ့တာလား"

အန်းချန်ချင်းသည် ထုံးစံအတိုင်း တိတ်ဆိတ်နေသောလူကြီးကို ကြည့်လျက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ အကြောင်းမှာမူ သူသည် ဘဝနှစ်ခုစလုံးတွင် သူ၏ ခင်ပွန်းဖြစ်သူ အကြောင်းကို သိပ်မသိသောကြောင့်ပင်။ ဤအကြောင်းအရာကို ဥပမာထားကာ ကြည့်ခြင်းအားဖြင့် သူ့ယခင်ဘဝတွင် သူသည် ရှောင်ကျစ်ကောက စုတ်တံကိုင်၍ ပုံဆွဲသည်ကို မည်သည့်အခါကမှ မမြင်ဖူးခဲ့ချေ။ ထိုကြမ်းတမ်းသောလက်များသည် လက်နက်များကို အမြဲတမ်း ကိုင်ဆောင်ရန် မွေးဖွားလာပုံရပေသည်။ စုတ်တံကိုင်ထားသည့်ရှောင်ကျစ်ကောပုံစံကို သူ တွေးကြည့်၍ပင် မရပေ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now