အခန်း (၄၆)

595 73 0
                                    

Unicode
.
.
ဒဏ်ရာအား ပတ်တီးစည်းပြီး အဝတ်အစားလဲဝတ်ပြီးနောက်တွင် ရှောင်ကျစ်ကောသည် ဒဏ်ရာကင်းစင်သွားပြီး လုံးဝကောင်းမွန်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အကယ်၍ အန်းချန်ချင်းကသာ သူ့မျက်လုံးများဖြင့် ဒဏ်ရာကို ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ပါက ဤလူကြီးတွင် ဒဏ်ရာရှိနေသည်ကို သူ သတိပြုမိလိမ့်မည် မဟုတ်ပါပေ။

အန်းချန်ချင်းသည် ရှောင်ကျစ်ကောအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ဝမ်ရယ်က စစ်သူကြီးတစ်ယောက်ပဲလေ။ ဒီလောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပြီးတော့ ဘာလို့ စစ်မြေပြင် ထွက်နေရတာလဲ"

ရှောင်ကျစ်ကောသည် ဝမ်ဖေး၏ခေါင်းအား ပွတ်သပ်လျက် ပြုံးလိုက်လေသည်။

"စစ်မြေပြင်ဆိုတာ ဓားနဲ့လှံတွေမှာ မျက်လုံးမပါဘူးလေ။ ဒါကြောင့် ဒဏ်ရာမရတဲ့သူ ဘယ်သူမှမရှိဘူး။ မင်းရဲ့ခြေလက်တွေ အကောင်းပကတိ ရှိနေသရွေ့ အဲဒါက သေစေနိုင်လောက်တဲ့ ဒဏ်ရာတော့ မဟုတ်ဘူးပေါ့"

အန်းချန်ချင်းက စိုးရိမ်နေသေးသည်ကို မြင်သောအခါ ရှောင်ကျစ်ကောက ထပ်၍ ပြောလိုက်၏။

"ပေသိစစ်တပ်ခေါင်းဆောင်ကို မင်း မြင်ဖူးလိုက်သင့်တယ်။ ကိုယ် သူ့လက်ကို ဖြတ်ပစ်လိုက်ပေမယ့် သူက သူ့တပ်သားတွေ စိတ်ဓာတ်မကျသွားစေဖို့ သူကိုယ်တိုင် တိုက်ပွဲကို ဆက်လက်ဦးဆောင်နေခဲ့သေးတယ်လေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကိုယ် သူနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။ သူ့ခေါင်းကို မဖြတ်လိုက်နိုင်တာက‌တော့ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ဂိတ်တံခါးရှေ့မှာ "မီးပုံး"တွေ ပိုများလာမှာ"

အန်းချန်ချင်း အံ့အားသင့်သွားလေသည်။

"မီးပုံးတွေ..."

ရှောင်ကျစ်ကောသည် အန်းချန်ချင်း ကြောက်လန့်သွားမည်စိုးသဖြင့် သူ၏စကားများကို ဂရုတစိုက် ပြန်ပြောလိုက်လေသည်။

"ပေသိစစ်တပ်ဟာ နှစ်ပေါင်းများစွာအတွင်း ဆိုးရွားတဲ့ ရာဇဝတ်မှုများစွာကို ကျုးလွန်ခဲ့တယ်။ ယန်ကျိုးမှာရှိတဲ့ အရပ်သားတွေနဲ့ တပ်သားတွေဟာ သူတို့ကို ဆန့်ကျင်ရင်း အသက်ရှင်သန်ရေးနဲ့ သေခြင်းတရားကြားမှာ နေထိုင်ခဲ့ကြရတယ်။"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now