အခန်း (၉)

772 95 0
                                    

Unicode
.
.
ရှောင်ကျစ်ကောသည် အန်းချန်ချင်းအား ပုံမှန်အရှိန်ဖြင့် ရှေ့သို့ ဦးဆောင်သွားနေလေသည်။ ဤယောက်ျားသည် အရပ်ရှည်ပြီး ဖြောင့်မတ်ပေ၏။ ထိုသည်မှာ သူ့နောက်ကျောမှ ချွန်ထက်သော လှံနှင့်တူပေသည်။ သူ့ဘေးနားတွင် ရပ်နေလျှင် သူက မည်သည့်စကား၊ မည်သည့်တစ်စုံတစ်ရာမျှ ပြုမူခြင်းမရှိလျှင်ပင် တုနှိုင်းမဲ့သော စိတ်လုံခြုံမှုကို အန်းချန်ချင်းအား ပေးစွမ်းနိုင်ပေသည်။

နောက်ထပ် ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီးနောက် အန်းချန်ချင်းက တစ်ဖန်ထပ်၍ မေးလိုက်၏။

"ကျွန်တော် ဘာလုပ်လုပ် ဝမ်ရယ်က ကျွန်တော့်ကို ကာကွယ်ပေးမှာလား"

ရှောင်ကျစ်ကောက သူ့အား ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူက သေချာစွာ ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့... မင်းက ကိုယ့်ရဲ့ဝမ်ဖေးလေ"

ထိုသူ၏အသွင်အပြင်သည် လေးနက်နေကာ ထိုသည်မှာ သွယ်ဝိုက်ညွှန်းဆိုနေခြင်းလည်း ပါဝင်နေပေသည်။

အန်းချန်ချင်းက တိတ်တဆိတ် ပြုံးလိုက်မိကာ သူ့ကို တစ်ခြားလမ်းသို့ ဆွဲခေါ်သွားလိုက်၏။

"မပြန်ကြရသေးအောင်... ကျွန်တော့်ကို အနောက်ခြံဝန်းဆီ အဖော်ပြုပေးပါဦး"

ရှောင်ကျစ်ကောသည် သူ၏ရည်ရွယ်ချက်ကို မသိသော်လည်း သူနဲ့အတူ လိုက်ပါလာခဲ့သည်။

အန်းမိသားစုသည် ဝင်ပေါက်ငါးပေါက်ရှိသော အိမ်တော်တွင် နေထိုင်ကြခြင်း ဖြစ်သည်။ အိမ်တော်သခင်မကြီးသည် ပင်မခြံဝန်းတွင်နေထိုင်စဉ် အကြီးဆုံးညီအစ်ကိုနှစ်ဦးဖြစ်သည့် အန်းကျစ်ခယ်နှင့် အန်းကျစ်ကျိုးတို့သည် အရှေ့ခြံဝန်းနှင့် အနောက်ခြံဝန်းတို့တွင် အသီးသီးနေထိုင်ကြ၏။ အန်းချန်ချင်းသည် အနောက်ခြံဝန်းသို့ မရောက်မီ ဝရန်တာခန်းတစ်ခုကို ဖြတ်သွားရသည်။ ထို့နောက်တွင် ပန်းတံခါးတစ်ခုကို ဖြတ်လျှောက်ကာ သူသည် ရှောင်ကျစ်ကောအား ဦးဆောင်ခေါ်သွားနေလေသည်။

အနောက်ခြံဝန်းသည် ယခုအခါတွင် လူများဖြင့် စည်ကားနေလျက်ရှိကာ ရံဖန်ရံခါ အော်ဟစ်ငိုယိုသံများကိုပင် ကြားနေရပေ၏။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now