အခန်း (၅၃)

486 65 1
                                    

Unicode
.
.
ရှီဝေ့အင်ပါယာသည် တာယဲ့၏အနောက်ဘက်တွင် တည်ရှိသည်။ ထိုအချိန်က တာယဲ့၏ တည်ထောင်သူ စစ်သူကြီးချုပ်များထဲမှ တစ်ဦးဖြစ်သော ရွှယ်ချန်က ရှီဝေ့မျိုးနွယ်စုများနှင့် ပူးပေါင်း၍ ရှီဝေ့အင်ပါယာကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရွှယ်ချန်သည် ရှီဝေ့ဒေသခံများကို ဖိနှိပ်ခဲ့ပြီး သူတို့အား တိရိစ္ဆာန်များကဲ့သို့ သတ်မှတ်ခဲ့လေသည်။ ဤသည်မှာ ရှီဝေ့အင်ပါယာ၏ လက်ရှိအခြေအနေ ဖြစ်သည်။

လက်ရှိတွင် နိုင်ငံကို ရှီဝေ့ဟုခေါ်နေသေးသော်လည်း အမှန်တကယ် အာဏာချုပ်ကိုင်ထားသူမှာ ရွှယ်ချန် ဖြစ်သည်။ ယခင်ဧကရာဇ်မင်း စောစီးစွာ ကွယ်လွန်သွားသောကြောင့် သူ၏ ဆက်ခံသူမှာ တစ်ဦးတည်းသောသားဖြစ်သူ ရွှယ်ကျစ် ဖြစ်သည်။ ရွှယ်ကျစ်သည် ကလေးအရွယ်သာ ရှိသေးသောကြောင့် ယခင်ဧကရာဇ်မင်းသည် အမတ်ချုပ်ကြီး ရွှယ်ဝူရီကို ကလေးအား ကူညီရန် ဘုရင်ခံအဖြစ် ချန်ထားခဲ့လေသည်။

သူ၏ရာထူးမှာ မြင့်မားသောအမတ်ချုပ်ကြီး ရာထူးဖြစ်သော်လည်း အမတ်ချုပ်ကြီး ရွှယ်ဝူရီသည် အမှန်တကယ် နိမ့်ကျသော နောက်ခံမှ ဆင်းသက်လာသူဖြစ်သည်။ သူသည် ဧကရာဇ်မင်းနှင့် မတော်တဆ တွေ့ဆုံမိခဲ့သော သူဖုန်းစားတစ်ဦးဖြစ်ပြီး ခေါ်ဆောင်ခြင်း ခံလာရသူတစ်ယောက်ဖြစ်ပေသည်။ နောက်ပိုင်းတွင် သူသည် အလွန်ထူးချွန်သော လူတစ်ယောက်ဖြစ်ကြောင်း ဧကရာဇ်မင်းမြတ်က တွေ့ရှိသွားခဲ့ပြီး ဧကရာဇ်က သူ့ကို သားတော်အဖြစ် မွေးစားခဲ့လေသည်။ သူသည် မျိုးရိုးနာမည်ဖြစ်သည့် ရွှယ်မျိုးရိုးအမည်ကို ခံယူခွင့်ရခဲ့ပြီး ပညာသင်ယူခွင့်လည်း ရရှိခဲ့၏။

ဆိုကြသည်မှာ ရွှယ်ဝူရီသည် အသက်ဆယ်နှစ် မတိုင်မီ သူ၏ထူးခြားသော နိုင်ငံရေးအမြင်များဖြင့် ရုံးတော်တွင် အရာရှိများနှင့် စကားစစ်ထိုးနိုင်ပြီ ဟူ၍ပင်။ အသက် ဆယ့်ခြောက်နှစ်တွင် သူ့ကို နန်တွင်းမှ မည်သူကမျှ ကန့်ကွက်ခြင်းမရှိသောကြောင့် သူသည် တော်ဝင်အမိန့်အတိုင်း အမတ်ချုပ်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့လေသည်။

နှောင်းဧကရာဇ်က သူ၏သားတော်ကို သူ့ထံအပ်နှံခဲ့ပြီး ဆယ်နှစ်အကြာတွင် ရွှယ်ဝူရီသည် ရုံးတော်၏ကဏ္ဍအားလုံးကို လိမ္မာပါးနပ်စွာနှင့် အကြင်နာကင်းမဲ့စွာဖြင့် တာဝန်ယူခဲ့ပြီး ရှီဝေ့အား လက်ရှိတွင် ခိုင်ခံ့တည်ငြိမ်သော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဖန်တီးခဲ့လေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now