အခန်း (၄၅)

517 71 1
                                    

Unicode
.
.
ချီဝေ့သည် အန်းချန်ချင်းတို့အဖွဲ့အား ကြိုဆိုရန် တပ်သားအနည်းငယ် ခေါ်ဆောင်လာခဲ့သည်။

ထို့နောက်တွင် သူသည် ခရီးသွားဝတ်ရုံ ဝတ်ဆင်ထားသော အန်းချန်ချင်းအား စစ်သူကြီးအိမ်တော်တွင် အင်ပါယာကြီးကြပ်ရေးမှူးနှင့်အတူ အနားယူရန် ဖိတ်ခေါ်လိုက်လေသည်။

စစ်သူကြီးအိမ်တော်တွင် လူသူကင်းမဲ့နေ၏။ ထိုနေရာတွင် အစေခံများ မရှိသည့်အတွက်ကြောင့် သူတို့အား ပို့ဆောင်ပေးသော တပ်သားတစ်ယောက်ကသာလျှင် ဧည့်သည်တော်များအတွက် လက်ဖက်ရည် ဖျော်ပေးလေသည်။

အန်းချန်ချင်းသည် ယန်ကျိုးသို့ ရောက်သောအခါ ရှောင်ကျစ်ကောအား တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုလူကြီးကိုတော့ သူ ရှာမတွေ့ပေ။ သူသည် ရောက်လာသော တပ်သားတစ်ယောက်အား မေးကြည့်လိုက်၏။

"ဝမ်ရယ် မြို့ထဲမှာ မရှိဘူးလား"

တပ်သားက ပြန်လည်ဖြေကြားလိုက်၏။

"စစ်သူကြီးက မြို့ထဲက ထွက်သွားနှင့်ပါပြီ"

အန်းချန်ချင်း၏မျက်နှာ ရှုံ့မဲ့သွားရပြီး ထိုတပ်သားအား မေးကြည့်လိုက်ပြန်သည်။

"သူ ဘယ်တော့လောက်ပြန်လာနိုင်မလဲ"

"ကျွန်တော် မသိပါဘူး"

ထိုတပ်သားဆီမှ နောက်ထပ်သတင်းအချက်အလက်များ မေးမြန်း၍ မရနိုင်တော့သဖြင့် အန်းချန်ချင်းသည် ဒု-စစ်သူကြီး ရောက်လာမည့်အချိန်ကိုသာ စောင့်နေရန် ဆုံးဖြတ်လိုက်တော့သည်။

အန်းချန်ချင်းနှင့် အင်ပါယာကြီးကြပ်ရေးမှူးတို့ လက်ဖက်ရည်သောက်ပြီးချိန်မှသာ ချီဝေ့ ရောက်ရှိလာခဲ့လေသည်။

ယခင်က ဖြစ်ပျက်ခဲ့သော ရိက္ခာပြဿနာကြောင့် ချီဝေ့သည် အသစ်ရောက်လာသော စားနပ်ရိက္ခာများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ပေသည်။ ရိက္ခာပမာဏ နှစ်သောင်းသာ ရှိသည်ကို တွေ့လိုက်ရသောအခါ သူ အနည်းငယ် ကသိကအောက်ဖြစ်သွား၏။

သူတို့သည် ပမာဏ တစ်သိန်း တောင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ရောက်လာသည်မှာ နှစ်သောင်းမျှသာပင်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now