အခန်း (၅၁)

495 64 1
                                    

Unicode
.
.
ထိုလူကြီး၏တောင့်တင်းသန်မာသော ခန္ဓာကိုယ်သည် အန်းချန်ချင်း၏ပခုံးပေါ်၌ သူ၏ ခေါင်းကို မှီထားလျက် ရစ်ပတ်ပွေ့ဖက်ထားလေသည်။ ရှောင်ကျစ်ကော၏ အသက်ရှူသံနွေးနွေးက သူ၏အရေပြားကို ပွတ်တိုက်လျက်ရှိနေရာ အန်းချန်ချင်းသည် သူ၏ဝမ်ရယ်တစ်ယောက် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း စိတ်ချ သေချာလိုက်ရသည်။

နောက်ဆုံးတွင် သူ၏ဆုပ်ထားသောလက်သီးမှာလည်း ပြေလျော့သွား၏။ တခြားသူများက သူတို့အား ကြည့်နေကြပြီး သူတို့ထံသို့ ချဉ်းကပ်ရန် တုံ့ဆိုင်းနေကြသည်ကို မြင်လိုက်ရသောအခါ အန်းချန်ချင်းက ရှောင်ကျစ်ကောအား တံတောင်ဖြင့် ဖြည်းညင်းစွာ တို့လိုက်၏။

"လွှတ်တော့၊ အရင်ဆုံး အိမ်တော်ကို ပြန်ကြရအောင်"

သို့သော် ရှောင်ကျစ်ကောသည် အန်းချန်ချင်း၏ နောက်ကျောဘက်တွင် မလှုပ်မယှက် ရပ်နေကာ ညင်သာစွာ အသက်ရှုလျက် ဤအခြေအနေမှာပင် အိပ်ပျော်သွားခဲ့လေပြီ။

အန်းချန်ချင်းက ရှောင်ကျစ်ကောကို လှည့်ကြည့်လိုက်သောအခါ ထိုလူကြီး၏ မျက်နှာမှာ ချောင်ကျနေကာ သူ၏မျက်လုံးများအောက်တွင်လည်း အမည်းရောင်အရိပ်များ ထင်ကျန်နေသည်ကို တွေ့လိုက်ရသည်။

နောက်ဆုံးတွင်တော့ ရှောင်ကျစ်ကော ပြန်လည်ရောက်ရှိလာသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူခံစားခဲ့ရသော ဒေါသများနှင့် နာကျည်းမှုများမှာ လုံးဝပြေလျော့သွားပြီ ဖြစ်ပြီး ဤယောက်ျားအပေါ်တွင် သူ၏နှလုံးသားထဲမှ နူးညံ့သိမ်မွေ့သောခံစားချက်များ ပေးစွမ်းနေလေတော့သည်။ အန်းချန်ချင်း၏နှလုံးသားလေးမှာ နူးညံ့သွားရကာ သူသည် ဝမ်ရယ်ကို မနှိုးလိုသော်လည်း နှိုးလိုက်ရတော့၏။

"ဝမ်ရယ်၊ ထပါဦး။ အိမ်တော်ကို ရောက်ရင် ပြန်အိပ်လို့ရတယ်လေ"

ရှောင်ကျစ်ကောသည် အန်းချန်ချင်း၏ပါးပြင်ကို သူ၏လည်ပင်းနှင့် ပွတ်တိုက်နေပြီး တိုးတိုးလေး ရေရွတ်နေသည်။

ချီဝေ့နှင့် တခြားသူများက အကြံပေးစကားဆိုလိုက်ကြ၏။

"စစ်သူကြီး အိမ်တော်ပြန်ဖို့ ကျွန်တော်တို့ ကူညီပေးရမလား"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now