အခန်း (၁၄)

685 92 0
                                    

Unicode
.
.
သမားတော်သည် ဗောဓိပုတီးစေ့ကြိုးကို တရစ်ဝဲဝဲ စိုက်ကြည့်နေရင်း သူ၏မျက်နှာ အသွင်အပြင်မှာ ဖြူဖျော့သွားလေသည်။ ထို့နောက် သူသည် လှည့်ကာ ဆေးရောင်းသမား၏ စကားများနည်းတူ သူတို့၏ပါဝင်ပတ်သက်မှုကို ငြင်းပယ်လိုက်၏။

"ဒီကိစ္စက ခင်ဗျားတို့နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ခင်ဗျားတို့က ပြောနေတယ်။ ဒါပေမဲ့ အဲဒီ အဆိပ်က ဘယ်နေရာကမှ ရောက်မလာနိုင်ဘူးလေ"

အန်းချန်ချင်းသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ အသံမြည်အောင် ဒုန်းကနဲ ဆောင့်ချလိုက်၏။

"ကျုပ် ခင်ဗျားတို့နှစ်ယောက်စလုံးကို ဘာလို့ သီးခြားစီ မစစ်ဆေးတာလဲဆိုတာ သိလား။ ဒီတော့... အမျိုးသမီးယွီရဲ့ ရောဂါရှာဖွေရေးအစကနေ ဆေးရဲ့အရင်းအမြစ်အထိ ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ စကားတွေက တူနေရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ခင်ဗျားတို့ကြားမှာ ကွဲလွဲမှု တစ်ခုခုရှိနေရင်တော့..."

အန်းချန်ချင်းက သူတို့အား အေးစက်စက် စိုက်ကြည့်လိုက်၏။

"ခင်ဗျားတို့ဆီက အမှန်တရားတွေကို ဝမ်အိမ်တော်ထဲက နှိပ်စက်ညှဉ်းပန်းခန်းထဲမှာ ကျုပ်က ဖော်ထုတ်နိုင်တယ်"

ထိုယောက်ျားနှစ်ယောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်ချကြလိုက်ကာ သူတို့၏ ဦးခေါင်းအား မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ထိကပ်လိုက်ကြပြီး အနူးအညွှတ် တောင်းပန်လိုက်ကြသည်။

"ကျွန်တော်တို့ အကြောင်းအရာအားလုံးကို ဝမ်ဖေးဆီ ပြောပြပြီးပါပြီ။ ကျွန်တော်တို့ ပြောခဲ့တဲ့အရာအားလုံးဟာ အမှန်တရားတွေပါ"

သခင်မလီက သူတို့အား မျက်ခုံးပင့်လျက် တစ်ချက်ကြည့်လိုက်၏။ သူမသည် ခေါင်းငုံ့လျက် ဗောဓိပုတီးစေ့များအား အနည်းငယ်မြန်သော အရှိန်ဖြင့် ရွှေ့လိုက်သည်။

"ဝမ်ဖေး ဒီနေရာက အန်းအိမ်တော်ပါ။ တာလီတရားရုံး မဟုတ်ဘူး"

နှုတ်ဆိတ်ငြိမ်သက်နေခဲ့သော အန်းကျစ်ခယ်သည် နောက်ဆုံးတွင် စကားပြောလာ၏။ သူက မကျေမနပ် ကြည့်လျက် ပြောလိုက်သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now