အခန်း (၁၉)

662 80 0
                                    

Unicode
.
.
အန်းချန်ချင်းသည် မကျေမနပ်ဖြစ်သွားလေသည်။ ဤယောကျ်ားသည်ကား စကားနှိုက်ထုတ်ရန် ခက်လှ၏။ အကယ်၍ အန်းချန်ချင်းကသာ အစပြုခြင်းမရှိပါက ဤယောကျ်ားသည် တတ်နိုင်သမျှ အချိန်ကြာသည်အထိ တိတ်ဆိတ်နေပေလိမ့်မည်။ သူသည် အနည်းငယ်မျှ နှုတ်ရေးကောင်းမည်ဆိုပါလျှင် သူတို့သည် သူတို့၏ ယခင်ဘဝတွင် ထိုကဲ့သို့သော အဆုံးသတ်လိမ့်မည် မဟုတ်ပေ။

ဤလောက၌ သူပြုလုပ်ခဲ့သမျှသော အရာအားလုံးကို နှစ်မြို့ဟန်မပြသော အရူးကလေးတစ်ယောက် ရှိခဲ့ပါသည်ပင်။

အန်းချန်ချင်းသည် သူ၏နှလုံးသားထဲမှတိုင် သက်ပြင်းချလိုက်မိကာ သူသည် ဤအရေးကိစ္စကို ဆက်လက်၍ ခွင့်မပြုနိုင်တော့ပေဟု တွေးလိုက်မိသည်။ သူသည် ရှောင်ကျစ်ကောအား မကျေမနပ် ကြည့်ကာ သနားစဖွယ်ကောင်းသော လေသံဖြင့် ပြောလိုက်လေသည်။

"ဝမ်ရယ် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့မရဘူးလားဟင်။ တကယ်လို့ ချန်ချင်း မကောင်းဘူးဆိုရင်လဲ မကောင်းဘူးလို့ ကျွန်တော့်ကို ပြောလို့ရပါတယ်"

"ကိုယ် ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တာပါ"

သူ၏စကားနည်းခြင်းကြောင့် သူ့ဘေးမှလူသားအား စိတ်ဆိုးစေလိမ့်မည်ဟု ရှောင်ကျစ်ကော မည်သည့်အခါကမှ မတွေးမိခဲ့ပေ။ သူ၏ဝမ်ဖေးသည် သူနှင့်ဝေးရာသို့ မျက်နှာလွှဲထားကာ ချန်ချင်း၏မျက်နှာတစ်ဝက်ကိုပင် သူမြင်ခွင့်မရတော့ဘဲ ကော့ညွှတ်နေသော မျက်တောင်များကိုသာ ရှောင်ကျစ်ကော မြင်နေရလေသည်။

"မင်းက တကယ့်ကို တော်ပါတယ်။ မယ်တော်ကြီးနဲ့ ဧကရီတို့ နှစ်ယောက်စလုံး အဲဒါကို ယုံကြတယ်လေ"

"ဝမ်ရယ်ကကော ဘယ်လိုထင်လဲ"

အန်းချန်ချင်းက ရုတ်တရက် လှည့်ကာ ရှောင်ကျစ်ကောကို ကြည့်လိုက်လေရာ သူ၏ မျက်လုံးများသည် ရွှန်းစိုတောက်ပနေကြသည်။

"ဝမ်ရယ် အဲဒါကို ယုံခဲ့လား"

ရှောင်ကျစ်ကော၏နှလုံးသားသည် ညံ့သက်သွားရကာ သူသည် အန်းချန်ချင်း၏ မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ သူသည် လက်လှမ်းကာ လျော့တိလျော့ရဲကျနေသော အန်းချန်ချင်း၏ ဆံနွယ်လေးကို သူ၏နားရွက်နောက်သို့ သပ်တင်ပေးလိုက်၏။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now