အခန်း (၃၀)

598 71 0
                                    

Unicode
.
.
လမ်းသွားလမ်းလာများသည် စပ်စုလိုစိတ်အပြည့်ဖြင့် စတင်စုဝေးလာကြတော့သည်။ သို့သော် သူတို့သည် ဝူကျွမ့်ရှု မျှော်လင့်ထားသလိုမျိုး သူ့ဘက်မှ ဝင်ရောက်ပြောပေးရန် စုဝေးလာကြခြင်း မဟုတ်ဘဲ သူတို့အားလုံးသည် ဝူကျွမ့်ရှုကို လက်ညှိုးထိုးလိုက်ကြတော့သည်။

"ဝမ်ဖေးရဲ့ရထားလုံးကို မင်းက တားရဲတယ်ပေါ့။ မင်း အသက်ရှင်လျက် မနေချင်တော့ဘူး ထင်တယ်"

"မှန်တယ်။ ဝမ်ဖေးက သဘောအရမ်းကောင်းတာ။ သူက ဘယ်လိုလုပ်ပြီး သူများရဲ့ချစ်ခြင်းကို အတင်းခွဲမှာတဲ့လဲ"

"သူက လူချောလေးတစ်ယောက်ပဲကွ။ သူ့ကို ငါ ရင်းနှီးနေသလိုပဲ။ ဘယ်မိသားစုက သခင်လေးပါလိမ့်"

"တကယ်လို့ ဒီလိုမျိုးဝတ်စားထားတဲ့ သူ့လိုလူမျိုးက သခင်လေးဆိုရင် ငါ့ကိုလဲ သခင်လေးလို့ မင်းတို့ ခေါ်ကြတော့... ဟား..."

သူ စီစဉ်ထားသလိုမျိုး ဖြစ်မလာသောအခါ ဝူကျွမ့်ရှု၏မျက်နှာသည် မည်းမှောင်သွားလေတော့သည်။ သူက မုန်းတီးစိတ်အပြည့်ဖြင့် ရထားလုံးကို တစ်ချက်ကြည့်ပြီး ဦးညွှတ်လိုက်လေသည်။

"ဝမ်ဖေး ကျေးဇူးပြုပြီး သနားငဲ့ညှာပေးတော်မူပါ။ ကျွန်တော်နဲ့ ရှန်းယွီက... ကျွန်တော်တို့... ကျွန်တော်တို့က အချိန်အကြာကြီး..."

သူ့စကားမပြီးဆုံးမီမှာပင် အန်းချန်ချင်းက ကန့်လန့်ကာကို ပင့်မလျက် ခက်ထန်စွာ ပြောလိုက်၏။

"ထျဲဟူ သူ့ပါးစပ်ကို ပိတ်ထားလိုက်စမ်း"

အန်းချန်ချင်း၏အမိန့်ကိုရသည်နှင့် ထျဲဟူသည် ရထားလုံးပေါ်မှ ခုန်ဆင်းကာ ဝူကျွမ့်ရှု၏ အင်္ကျီလည်ပင်းစကို ဆုပ်ကိုင်လိုက်ပြီး ထိုသူ၏ပါးစပ်ကို အားပြင်းပြင်းဖြင့် နှစ်ချက် ရိုက်လိုက်၏။

သူ့ကို လူမြင်ကွင်း၌ ယခုလိုမျိုး ရိုက်လိမ့်မည်ဟု မထင်ထားသောကြောင့် ဝူကျွမ့်ရှုသည် မယုံကြည်နိုင် ဖြစ်နေလေ၏။ သူ့ပါးစပ်ကို အုပ်ထားလိုက်မိကာ သူသည် နာကျင်စွာ ငိုညည်းတော့သည်။

"ဝမ်ဖေး... မင်း ဘယ်လိုတောင် မောက်မာနေတာလဲ"

ရုတ်တရက် အမျိုးသမီးတစ်ယောက်သည် ဝူကျွမ့်ရှုကို ကူညီရန် ပြေးထွက်လာခဲ့သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now