အခန်း (၃၉)

542 68 2
                                    

Unicode
.
.
လီဟိုင်ယွင်၏ညာဘက်လက်ကို လည်ပင်းမှသိုင်းကာ ပတ်တီးစည်းထားရပြီး သူ၏ပုံစံမှာ ညှဉ်းသိုးသိုးဖြစ်နေသည်။ အန်းချန်ချင်းသည် ဧည့်ခန်းမဆောင်ထဲသို့ ဝင်သွားလိုက်သောအခါ လီဟိုင်ယွင်၏ပုံစံကို မြင်လိုက်ရသည့်အခိုက်အတန့်၌ အတော်လေး အံ့အားသင့်သွားသည်။ နှစ်ယောက်သား စကားများရန်ဖြစ်ခဲ့ကြသည်ဟု သူ ကြားသိထားရသော်လည်း ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါပေ။

အန်းချန်ချင်းကို မြင်လိုက်ရသောအခါ လီဟိုင်ယွင်က ချက်ချင်းဆိုသလိုပင် မတ်တပ်ထရပ်လိုက်၏။ သူက လေးလေးနက်နက် အရိုအသေပေးလျက် တောင်းပန်စကား ဆိုလိုက်လေသည်။

"ငါ ဝမ်ဖေးကို စိုးရိမ်နေခဲ့တာ။ မနေ့ညက နားလည်မှုလွဲသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝမ်ရယ်က ဝမ်ဖေးကို အပြစ်တင်စကား ဆိုသေးလား"

သူက အန်းချန်ချင်းကို ဂရုတစိုက်ကြည့်လိုက်ပြီးနောက် မည်သည့်ထိခိုက်ဒဏ်ရာမျှ မရှိသည်ကို တွေ့လိုက်ရသောအခါမှ သူ့မှာ စိတ်သက်သာရာ ရသွားလေတော့သည်။

လီဟိုင်ယွင်၏စိတ်သဘောထားမှာ အမှန်တကယ် စစ်မှန်ကြောင်းကို အန်းချန်ချင်း မြင်လိုက်ရသောအခါမှ သူ၏သံသယစိတ်များသည်လည်း လျော့ပါးသွားခဲ့လေသည်။ ဤဝမ်းကွဲအစ်ကိုမှာ သခင်မလီနှင့်ယှဉ်လျှင် မတူညီသည့် ကောင်းမွန်သော အကျင့်စာရိတ္တ ရှိပုံပေါ်သည်။ အန်းချန်ချင်းက သူ့အပေါ်၌ အနည်းငယ်မျှ ပို၍ရိုးသားရန် ဆုံးဖြတ်ချက်ချလိုက်၏။

"ဘာဖြစ်ကြတာလဲ။ အစ်ကိုကြီးနဲ့ ဝမ်းကွဲအစ်ကိုတို့ ရန်ဖြစ်ကြတယ်လို့ ကျွန်တော် ကြားတယ်"

"ဟုတ်တယ်။ သတင်းကောင်းတွေက တံခါးပေါက်ကနေ မပျံ့လွင့်သွားပေမဲ့ သတင်းဆိုးတွေကတော့ မိုင်ထောင်ချီ ခရီးပေါက်နေခဲ့ပြီပေါ့"

လီဟိုင်ယွင်က ခါးသီးစွာ ပြုံးလျက် ပြောလိုက်၏။

"ဝမ်ဖေးကို အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီကိစ္စက မနေ့ညက နားလည်မှုလွဲသွားတာနဲ့ ပတ်သက်မှုရှိတယ်။ ငါ သောက်တာ နည်းနည်းလေး များသွားတယ်။ ပြီးတော့ ဝမ်ဖေးကို ရှာဖို့ ငါ့ကို အန်းချန်ယုက တိုက်တွန်းခဲ့တယ်လေ။ သူက စောင့်ကြည့်နေပေးမယ်လို့လဲ ပြောခဲ့သေးတယ်။ ဝမ်ဖေးနဲ့ နားလည်မှုလွဲနေတာကို ရှင်းပြီးတဲ့နောက်မှာတော့ အန်းချန်ယုကို နောက်ထပ်သောက်ကြဖို့ ငါ ရှာကြည့်ခဲ့ပေမယ့် သူ့ကို ဘယ်နေရာမှာမှ မတွေ့ဘူး။ ငါ သိလိုက်ရတာက မင်းကို ရှာဖို့အတွက် သူ ငါ့ကို ကြိုးကိုင်ခဲ့တယ်ဆိုတာပဲ။ ပြီးတော့ ဝမ်ရယ်က ငါတို့ကို တွေ့သွားစေပြီးတော့ သူက ငါတို့နှစ်ယောက်စလုံးကို ပျက်စီးသွားစေချင်နေတာ"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now