အခန်း (၅)

1K 104 0
                                    

Unicode
.
.
အန်းချန်ချင်း၏ဒဏ်ရာကို ဆေးထည့်ပေးပြီးနောက် စာကြည့်ဆောင်အား သန့်ရှင်းရေး လုပ်ထားကြရန် ရှောင်ကျစ်ကောက အမိန့်ပေးလိုက်သည်။ အန်းချန်ချင်း ပြတင်းပေါက်မှ ပစ်ထုတ်လိုက်သော ခေါက်ဆွဲပန်းကန်လုံးကတော့ ကျန်နေသေးလေသည်။

ရောက်ရှိလာသော အစေခံသည် ဆူညံသောင်းကျန်းခြင်းများကို ကြားသည်မှာ အတော်ကြာလေပြီ ဖြစ်သည်။ သူသည် မော့၍ပင် မကြည့်ဝံ့သကဲ့သို့ အသက်ကိုပင် ကျယ်လောင်စွာ ရှူရန် မဝံ့ပါပေ။ သူသည် ကွဲအက်နေသော ခေါက်ဆွဲပန်းကန်ကို မြင်သောအခါ အန်းချန်ချင်းအတွက် ငိုမြည်း၍ ညည်းညူရန်သာ တတ်နိုင်တော့၏။ ကြင်စဦးဇနီးမောင်နှံအဖြစ် ဒုတိယမြောက်နေ့သာ ရှိသေးပြီး သူသည် ဝမ်ရယ်ကို ဒေါသထွက်အောင် လုပ်ပြီးလေပြီ။ ကြည့်ရသည်မှာ ထိုသူ၏နေ့ရက်များမှာ ပို၍ဆိုးရွားလာတော့မည့် ပုံပင်။

ရှောင်ကျစ်ကောသည် ပင်မခန်းဆောင်ဆီသို့ ဦးဆောင်ကာ ခေါ်သွားနေသည့် သူ၏ ဝမ်ဖေးအတွက် အနက်ရောင်အိုးလေးတစ်အိုးကို မသိလိုက်မသိဘာသာ ယူဆောင်လာခဲ့သည်။

ပင်မခန်းဆောင်သည် မင်္ဂလာဦးညမှ ကဲ့သို့ပင် မပြောင်းမလဲ ရှိနေဆဲ ဖြစ်၏။ ဖယောင်းတိုင်အနီရောင်များသည် စားပွဲပေါ်တွင် ရှိနေဆဲဖြစ်ကာ ရွှေစပါးအုံပုံစံ အနီရောင် အိပ်ရာခင်းသည်လည်း အိပ်ရာပေါ်တွင် ဖြန့်ခင်းထားဆဲဖြစ်သည်။ ပြတင်းပေါက်တွင်လည်း "ပျော်ရွှင်မှုများ ဆထက်တပိုး တိုးပါစေ" ဟူသော စာလုံးကပ်ထားပြီး ထိမ်းမြားပွဲသည်ကား မပြီးသေးပေဟူသည့် ခံစားချက်ကို ရှုူထောင့်တိုင်းက ပေးစွမ်းနေလျက်ရှိနေ၏။

အခန်းတွင်းရှိ အနွေးဓာတ်သည် လေထုကို မွှေးရနံ့သင်းသင်းတစ်ခုဖြင့် တောက်လောင်နေဆဲဖြစ်သည်။

အန်းချန်ချင်း၏နောက်ကျောဆီသို့ အကြည့်များ အလိုအလျောက် ကပ်ပါသွားရင်း ရှောင်ကျစ်ကော၏မျက်လုံးများသည် နက်မှောင်သွားလေတော့သည်။ အန်းချန်ချင်းသည် အခန်းထဲသို့ ဝင်သွားသောအခါတွင် သူ၏လေးလံသော ဝတ်ရုံကို ချွတ်လိုက်လေရာ ယခု သူသည် ခါးတွင် ငွေရောင်ခါးပန်းနှင့် အပြာနုရောင် ဝတ်စုံကို ဝင်ဆင်ထားလေ၏။ ပန်းကြိုးထုံး၊ ရွှေပန်းဖွားတို့ဖြင့် တွဲဆက်ထားသော ငါးမြွှာကျောက်စိမ်းပိုင်းလေး တစ်ခုကိုလည်း သူ၏ခါးတွင် ချိတ်ဆွဲထားလေသည်။ သူ လမ်းလျှောက်နေစဉ် ထွက်ပေါ်လာသော မြည်သံလေးများက ရှောင်ကျစ်ကော၏ နားမှ တစ်ဆင့် သူ၏ နှလုံးသားဆီသို့တိုင် ယားယံလာစေပေ၏။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now