အခန်း (၁၃)

697 81 0
                                    

Unicode
.
.
အန်းချန်ချင်းသည် မိုးသောက်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။ ဆောင်းရာသီ၏ နေရောင်ခြည်က ကန့်လန့်ကာကို ထိုးဖောက်ဖြတ်သန်း၍ သူ၏ မျက်နှာပေါ်သို့ ကျရောက်လာချိန်တွင် သူသည် ဆတ်ကနဲ ထထိုင်လိုက်ကာ သူ၏ပါးစပ်မှ ပထမဆုံး ထွက်လာသောစကားမှာကား

"အန်းချန်ချီ သေပြီလား" ဟူ၍ပင်။

ရှောင်ကျစ်ကော မနက်ပိုင်း လေ့ကျင့်ခန်းဆင်းခြင်းမှ ပြန်လာသည့်အချိန်နှင့် ကြုံကြိုက်သွားလေသည်။ အခန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်၏။

"ညသန်းခေါင်လောက်မှာ ဆုံးသွားတယ်"

အန်းချန်ချင်းသည် သူ၏အဖြေကို နားထောင်ကာ သူ၏မကျေနပ်ချက်ကို တတွတ်တွတ် ပြောနေတော့သည်။

"ဘာလို့ မနေ့ညက ကျွန်တော့်ကို မနှိုးလိုက်တာလဲ"

"မင်း အိပ်ပျော်နေလို့လေ။ ဘာမှ အရေးကြီးတာလဲ မဟုတ်ပါဘူး"

ရှောင်ကျစ်ကောက ပြန်ဖြေလိုက်သည်။

ယခုအချိန်တွင် အန်းချန်ချင်းသည် ရှောင်ကျစ်ကော၏ ထုတ်ဖော်ပြောကြားခြင်း မရှိသည်များကို ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ အန်းချန်ချီ၏သေဆုံးခြင်းသည် ဆုံးဖြတ်ပြီးသားဖြစ်၍ သူ့ကို နှိုးရန် မလိုအပ်ဟု ရှောင်ကျစ်ကောက တွေးထားခဲ့သည်ကို သူ နားလည်လိုက်သည်။

ဤအရေးကိစ္စအား ဘေးဖယ် ထားလိုက်ကာ အန်းချန်ချင်းသည် အိပ်ရာမှ ထပြီး ဆေးကြောသန့်စင်လိုက်၏။ ထို့နောက်တွင် အန်းဖူးက သူ့အား အဝတ်အစားလဲလှယ်ရန် ကူညီပေးလေရာ သူက မေးလိုက်သည်။

"သတင်းပို့ဖို့ တစ်ယောက်ယောက် သူတို့ စေလွှတ်လာပြီလား"

သူ မေးနေစဉ်မှာပင် အိမ်တော်ထိန်းဝမ်သည် အန်းအိမ်တော်မှ အစေခံ ယောက်ျားလေး တစ်ယောက်နှင့်အတူ ဝင်လာခဲ့သည်။

အစေခံယောက်ျားလေး၏ခါးပေါ်တွင် ဗီသွာလျှော်ဖြင့် ရက်ထားသည့် ပိတ်ဖြူစတစ်စ ရှိနေသည်။ သူသည် ဦးညွှတ်ကာ အန်းချန်ချင်း မျှော်လင့်နေသောသတင်းအား ပြောပြလာခဲ့သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now