အခန်း (၂၀)

704 75 3
                                    

Unicode
.
.
ထိုညတွင် အန်းချန်ချင်းသည် လူးလွန့်နေခဲ့ရင်း နောက်တစ်နေ့ သူ နိုးလာသည့်အချိန်တွင် နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ စိမ့်ဝင်နေခဲ့လေပြီ။ မနေ့ညက နှင်းများကျဆင်းခဲ့သောကြောင့် အပြင်ဘက်တွင် အဖြူရောင်ပြင်ကျယ်ကြီး ဖြစ်ပေါ်လျက်ရှိပြီး နေရောင်ခြည်က ထိုအပေါ်မှ ဖြတ်သန်းကျဆင်းလျက်ရှိနေလေရာ စူးရှတောက်ပနေပေ၏။

အန်းချန်ချင်းသည် သူ၏မျက်လုံးများကို မှုန်ရီဝေဝါးစွာဖြင့် ဖွင့်လိုက်ရင်း တစ်ချက် သန်းဝေလိုက်သည်။ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့်အန်းဖူးသည် ဆူညံသံကို ကြားလိုက်ရသောကြောင့် သူ့ကို ထူပေးရန် လိုအပ်ပါသလားဟု မေးမြန်းရန်အတွက် ဝင်လာခဲ့လေသည်။

"ဘယ်အချိန်ရှိပြီလဲ"

အန်းချန်ချင်းက နေ့အလင်းရောင်ကို ကြည့်ရင်း မေးလိုက်သည်။

"မွန်းတည့်ချိန် ရှိပါပြီ"

"နောက်ကျနေပြီပဲ"

အန်းချန်ချင်းသည် အံ့ဩသွားကာ လည်ပင်းဆန့်လျက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

"မင်း ငါ့ကို ဘာလို့ မနှိုးတာလဲ"

"ဝမ်ရယ် ထွက်သွားတုန်းက မှာကြားခဲ့လို့ပါ"

အန်းဖူးသည် မျက်တောင် တဖျတ်ဖျတ်ခပ်လျက် ပြန်ဖြေလိုက်၏။

"သူက ပြောပါတယ်... သခင်လေး မနေ့ညက ပင်ပန်းနေခဲ့ပါတယ်တဲ့။ ဒါကြောင့် သခင်လေးကို နည်းနည်းကြာကြာ အိပ်ခိုင်းစေခဲ့ပါတယ်"

အန်းချန်ချင်း "..."

သူက အန်းဖူးကို ကြည့်ကာ ပြောလိုက်သည်။

"ငါ ရေချိုးချင်လို့ သွားပြင်ချေ"

အန်းဖူးသည် တခစ်ခစ်ရယ်မောလျက် ပြင်ဆင်ရန် ထွက်သွားခဲ့လေသည်။

အန်းချန်ချင်းသည် အိပ်ရာထဲမှ ထွက်ရန် စောင်ကို ပင့်မလိုက်သောအခါ သူ၏ ခြေထောက်မှ နာကျင်မှုများ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ရသည်။ သူ၏ အောက်ခံဘောင်းဘီရှည်ကို ပင့်မကြည့်လိုက်သောအခါ ဒဏ်ရာများမှာ ကြောက်စရာကောင်းသည့် ပုံပန်းသွင်ပြင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။ မနေ့ညက ရှောင်ကျစ်ကောသည် ညိုမည်းနေသည့်ဒဏ်ရာများကို ဆေးဘက်ဝင်သေရည်ဖြင့် အချိန်အတော်ကြာ ပွတ်လိမ်းပေးခဲ့သောကြောင့် ရောင်ရမ်းမှုမှာ ပျောက်ကွယ်သွားခဲ့၏။ ပွန်းပဲ့ဒဏ်ရာများကို ပြင်းပြင်းထန်ထန် ဖိမိမှသာလျှင် နာကျင်မှုကို ဖြစ်ပေါ်စေလိမ့်မည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now