အခန်း (၆၈)

683 93 4
                                    

Unicode
.
.
ရထားလုံးသည် အလုပ်ရုံရှေ့တွင် ရပ်တန့်လိုက်လေသည်။ အန်းချန်ချင်းသည် ရှောင်ကျစ်ကော၏ အကူအညီကို စောင့်မနေတော့ဘဲ ရထားလုံးပေါ်မှ ဆင်းကာ မြန်မြန်ဆန်ဆန်ပင် အထဲသို့ လှမ်းဝင်သွားလေသည်။ ရှောင်ကျစ်ကောသည် အားကိုးရာမဲ့ ခေါင်းယမ်းလိုက်မိကာ သူ့ဝမ်ဖေး၏နောက်မှ နီးကပ်စွာ လိုက်ပါသွားလေ၏။

လက်မှုပညာဆိုင်ရာအလုပ်ရုံကို အမိန့်ပြန်တမ်းရုံးတော် အနီးတွင် တည်ဆောက်ထားသည်။ ရှေ့ဘက်တွင် ဧည့်သည်တော်ခန်းမ ရှိပြီး ၎င်း၏အနောက်ဘက်၌ လက်သမားများ၏ ယာယီနေရာထိုင်ခန်းများ ရှိ၏။ နောက်ဖေးခြံဝန်းဖြစ်သည့် အတွင်းအကျဆုံးနေရာသည် လက်သမားများ အလုပ်လုပ်သည့် နေရာပင် ဖြစ်သည်။ ထိုနေရာသည် ရေလှည်းဘီး ထားရှိသော နေရာလည်း ဖြစ်၏။

အန်းချန်ချင်းသည် အလုပ်သမားခေါင်းဆောင်
နှင့်အတူ အထဲသို့ ဝင်သွားလိုက်သောအခါ ရေဝင်ရန်အတွက် သစ်သားပြွန်များနှင့် တွဲထားသော ဆယ်ပေမြင့်သော ရေလှည်းဘီးအား တွေ့မြင်လိုက်ရလေသည်။ ၎င်းသည် ယခင်ဘဝက သူမြင်ခဲ့ဖူးသောအရာနှင့် ကွားခြားမှု မရှိသလောက်ပါပင်။

"ရေထဲမှာ စမ်းကြည့်ပြီးပြီလား"

အန်းချန်ချင်းက မေးလိုက်သည်။

အလုပ်သမားခေါင်းဆောင်က လေးစားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။

"မစမ်းကြည့်ရသေးပါဘူး။ ဒါပေမဲ့ အရင်က ကျွန်တော်တို့ ဒီထက်ငယ်တဲ့ပုံစံငယ်တစ်ခု ဖန်တီးပြီး ရေထဲမှာ စမ်းသပ်ကြည့်ခဲ့ကြပါသေးတယ်။ အရွယ်အစားသေးတာကြောင့် ထင်ပါရဲ့... အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေအထားကို ပြန်ချိန်ညှိပြီး ပိုကြီးတဲ့ပုံစံတစ်ခုကို ဖန်တီးခဲ့ကြတာပါ"

အန်းချန်ချင်းသည် ၎င်းကို ကြည့်လျက် ယခင်ဘဝက သူ မြင်ဖူးခဲ့သော ရေလှည်းဘီးအား တွေးကြည့်လိုက်၏။ အကယ်၍ သူသာ ဤနည်းပညာအား ကြိုတင်၍ တီထွင်ကြံဆနိုင်ခဲ့ပါလျှင် ရေလှည်းဘီး ​တစ်ခုတည်းက လယ်မြေဧရိယာ နှစ်ဧကအား ရေသွင်းနိုင်ပေလိမ့်မည်...။

"ဒီဟာကို ဘယ်အချိန်လောက် ရေနဲ့စမ်းသပ်လို့ ရနိုင်မလဲ"

"စမ်းသပ်မှုကို ကျွန်တော်တို့ ဒီနေ့လုပ်မှာပါ။ တိုးတက်မှု ရှိ၊ မရှိ ကြည့်စေလိုတဲ့အတွက် အထူးသဖြင့် ဝမ်ဖေးကို လာရောက်လေ့လာဖို့ ကျွန်တော် ဖိတ်ခေါ်ရတာပါ။"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now