အခန်း (၅၀.၂)

461 67 1
                                    

Unicode
.
.
ယန်ကျိုးမြို့အပြင်ဘက် စစ်မြေပြင်တွင် ဟူယန်ရွှင်းသည် ယန်ကျိုးတပ်ကို ဆန့်ကျင်လျက် တိုက်ပွဲဝင်နေသည်။ ထိုအချိန်တွင် ဘုရင်နှင့် အိမ်ရှေ့မင်းသားတို့ ကျဆုံးသွားပြီဖြစ်ကြောင်း သတင်းပေးရန် လင်းယုန်ငှက်တစ်ကောင် ဆင်းသက်လာ လေသည်။ ဟူယန်ရွှင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ချို့ ဖြတ်ပြေးသွား၏။ သူသည် သူ၏တပ်ကို နောက်ဆုတ်ရန် အမိန့်ပေးလိုက်ပြီး ပေသိအင်ပါယာမြို့တော်သို့ နောက်ကြောင်းပြန်ရန် ပြင်လိုက်ချိန်တွင် ဟူယန်အန်းထယ်နှင့် ဟူယန်ကျစ်တို့နှစ်ယောက်က သူ့ထံသို့ ချီတက်လာနေသည်ကို မြင်လိုက်ရလေသည်။

သူတို့ နီးကပ်လာသောအခါ လူအုပ်ထဲ၌ အရပ်သားများနှင့် အမျိုးသမီးများ ရောနှောနေသည်ကို ဟူယန်ရွှင်း တွေ့လိုက်ရသည်။ သူ မျက်နှာရှုံ့မဲ့သွားလျက် မေးလိုက်၏။

"ဘာဖြစ်လာကြတာလဲ"

"ရှောင်ကျစ်ကောက နန်းတော်ကို ဝင်စီးပြီး ဖခမည်းတော်နဲ့ ညီတော်ကို သတ်သွားတယ်"

ဟူယန်အန်းထယ်က ပြန်လည်ဖြေကြားလိုက်၏။

"ဒါပေမဲ့ သူကိုယ်တိုင် ကံဆိုးမိုးမှောင်ကျပြီးတော့ အားကွေ့တောင်တန်းထဲကို ဝင်သွားတယ်။ ဒါကြောင့် ငါတို့ရဲ့မိသားစုတစ်ခုလုံးကို ဒီကိုခေါ်လာခဲ့ပြီးတော့ ယန်ကျိုးကို အနိုင်ယူဖို့ ငါတို့ တိုက်ပွဲဝင်သွားမယ်"

ဟူယန်ရွှင်း၏မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ သူက ဟူယန်အန်းထယ်၏ပခုံးကို ပုတ်လိုက်ပြီးနောက် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်၏။

"ရှောင်ကျစ်ကော သေပြီ။ ယန်ကျိုးကို ဖြိုဖျက်ပြီး ဘုရင်ကြီးအတွက် လက်စားချေကြမယ်ဟေ့"

ပေသိစစ်သားများသည် သံပြိုင်ကြွေးကြော်လျက် ရှောင်ကျစ်ကော၏ အနက်ရောင်အလံအား လွှင့်ထူလျက် ရှေ့သို့ ချီတက်သွားကြသည်။

ယန်ကျိုးမြို့ကို စောင့်ကြပ်နေကြသော တပ်သားများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

လက်ထောက်တပ်မှူးများသည်လည်း မြို့ပြင်ဂိတ်တံခါးမှ သတင်းပေးပို့လာသော အဆိုပါသတင်းကို ကြားလိုက်ကြရလေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now