အခန်း (၁၈)

624 76 0
                                    

Unicode
.
.
အန်းချန်ချင်းက သူ ပြောလိုသောစကားများကို ပြောပြီးသည့်နောက်တွင် ခန်းမသည် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ရံရွှေတော်များအားလုံးမှာ အသက်ရှူပင် ကြပ်သွားကြရကာ မော့၍ပင် မကြည့်ဝံ့ကြတော့ပေ။

"အဓိပ္ပာယ်မရှိလိုက်တာ"

မယ်တော်ကြီးသည် ဗောဓိပုတီးစေ့ကြိုးကို ဆုပ်ကိုင်ကာ စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။

ဧကရီသည်လည်း သူမ၏သားကို စိတ်ပူနေသည့်မိခင်တစ်ယောက်၏ အမူအရာမျိုး ဖော်ပြနေလေသည်။ သူမက အန်းချန်ချင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။

"မင်းတို့ရဲ့ထိမ်းမြားပွဲက သိပ်မကြာသေးတော့ အခုလိုမျိုး အပြုသဘောနဲ့ ထောက်ပြတာကို မင်း ငြင်းဆန်တာ သဘာဝကျပါတယ်။ ဒါကို ငါ နားလည်တယ်။ ဒါပေမဲ့ ချန်ချင်း... မင်းက ယောက်ျားလေးတစ်ယောက်ပါ။ ကျစ်ကောရဲ့ မျိုးဆက်အတွက် ဒါက ထိခိုက်နစ်နာစေတယ်။ မင်းတို့နှစ်ယောက်စလုံးက ဒါကိုသဘောမတူဘူးဆိုရင် ငါကပဲ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပါ့မယ်။ သူမ ကလေးမွေးဖွားပေးပြီးတာနဲ့ မင်းတို့က သူ့ကို အဝေးကို မောင်းထုတ်လိုက်နိုင်တယ်။ ဒါဆိုရင် မင်းတို့ရဲ့ ဆက်ဆံရေးကိုလဲ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်တော့ဘူးလေ"

"မင်းတို့ ဘယ်လို တွေးထားလဲ"

ဧကရီ၏စကားများသည် နှစ်ယောက်စလုံးထံသို့ ဦးတည်နေသော်လည်း သူမ၏ မျက်လုံးများက အန်းချန်ချင်းတစ်ယောက်တည်းထံ၌သာ လုံးဝဥဿုံ ရှိနေသည်။

အန်းချန်ချင်းသည် ဧကရီကို လေးလေးနက်နက် ပြန်ကြည့်လိုက်၏။ သူ၏ ဝတ်ရုံလက်အောက်တွင် ဖုံးကွယ်ထားသောသူ၏လက်သည် အန်းချန်ချင်း၏ မျက်လုံးများ နီရဲလာကာ မျက်ရည်များ စီးကျလာသည့်တိုင်အောင်အထိ သူ၏ပေါင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ဆွဲထားခဲ့လေသည်။ သို့တိုင်အောင် အန်းချန်ချင်းသည် စိုက်ကြည့်နေဆဲ ဖြစ်သည်။ ထို့နောက်တွင် သူသည် စတင် ရှိုက်ငိုလေတော့၏။

"အဲဒီလိုမျိုးမဟုတ်ပါဘူး။ ဝမ်ရယ်က ကျွန်တော့်ကို ကတိပေးထားပြီးသားပါ..."

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Wo Geschichten leben. Entdecke jetzt