အခန်း (၅၀.၁)

438 55 1
                                    

Unicode
.
.
ယန်ကျိုးမြို့အပြင်ဘက်တိုက်ပွဲသည် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံးမှ တပ်သားများသည် အရှုံးပေးရန် ငြင်းဆန်နေကြလေသည်။ ဓားနှင့် လှံများမှာ စစ်မြေပြင်တစ်ခွင် ပျံဝဲနေကြကာ မြေပြင်ပေါ်တွင်လည်း သွေးချင်းချင်း နီရဲနေလေ၏။ တိုက်ပွဲအတွင်း မြို့ပြင်၌ ကျန်ရစ်နေခဲ့ကြသော အလောင်းများမှာ အနီရောင် ပင်လယ်ပြင်ထဲတွင် မျောပါနေကြသကဲ့သို့ပါပင်။

အန်းချန်ချင်းသည် အိမ်တော်၏ခေါင်မိုးပေါ်တွင် ထိုင်ကာ ရောက်ရှိလာတော့မည့် အာရုဏ်ဦးကို စောင့်မျှော်နေလေ၏။

ရှောင်ကျစ်ကော ပြန်လာလုနီးနီးအချိန်ဖြစ်သည့်အတွက်ကြောင့် အန်းချန်ချင်းသည် စိတ်မပူဘဲ မနေနိုင်တော့ချေ။ သူ၏ကျန်းမာရေးကို စိတ်ပူသည့်အတွက် ကျိုးဟယ်လန်က ဖျောင်းဖျလာသည့်အတွက်ကြောင့် အန်းချန်ချင်းသည် အခန်းထဲသို့ ပြန်သွားကာ အနားယူရပြန်သည်။

နောက်တစ်နေ့တွင် အန်းချန်ချင်းသည် မြို့ပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အသံများကြောင့် လန့်နိုးလာခဲ့၏။ ပေသိစစ်တပ်သည် သူတို့၏ဒုတိယအကြိမ် ယန်ကျိုးအား ဝန်းရံခြင်းကို စတင်ခဲ့ပြန်သည်။ ဤနေ့တွင် အန်းချန်ချင်းသည် အိမ်တော်ထဲ၌သာနေထိုင်ပြီး ခရမ်းရောင်ကျောက်စိမ်းတုံးကို ဖန်တီးရန် အာရုံစိုက်ထားလိုက်၏။ ဤနည်းအားဖြင့် သူသည် မိမိကိုယ်ကို စိုးရိမ်မှုမဖြစ်ပေါ်စေရန် သူလုပ်နိုင်သော တစ်ခုတည်းသောအရာပင် ဖြစ်ပေသည်။

ခရမ်းရောင်ကျောက်စိမ်း၏ကြမ်းတမ်းသောမျက်နှာပြင်ကို တိုက်ချွတ်လိုက်သောအခါ ကျောက်မျက်၏အတွင်းပိုင်း တောက်ပမှုသည် သူ့အလိုလိုပေါ်လာသည်။ အန်းချန်ချင်းသည် ယင်းကို သူ၏လက်ဖဝါးပေါ်တွင် တင်ကာ လေ့လာကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ ရှောင်ကျစ်ကောအတွက် ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုအဖြစ် ဖန်တီးပေးရန် ဆုံးဖြတ်လိုက်၏။

သူသည် ကြမ်းတမ်းသောကျောက်စိမ်းကို ချောမွေ့စေရန် ဖြည်းဖြည်းချင်း ပုံသွင်းနေသော်လည်း ရှောင်ကျစ်ကောကတော့ ယခုအချိန်အထိ ပြန်လည် ရောက်ရှိမလာခဲ့ပါပေ။ အန်းချန်ချင်းသည် ရှောင်ကျစ်ကော၏စကားအတိုင်း လိုက်နာကာ သူ၏မျက်လုံးများကို ထိခိုက်မည်စိုးသောကြောင့် ညနေခင်းတွင် သူ၏အလုပ်ကို ရပ်တန့်လိုက်လေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now