အခန်း (၇)

845 105 0
                                    

Unicode
.
.
တစ်ချိန်တုန်းက အန်းချန်ချီသည် အန်းချန်ချင်းအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ပေသည်။

အန်းချန်ချင်းသည် မွေးကင်းစအရွယ် ကတည်းကပင် အလှလေးအဖြစ် ကောင်းချီပေးခံခဲ့ရ၏။ သူသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး ကောင်းစွာ မဖွံ့ဖြိုးသေးချိန်တွင် သူ့မှာ ယောကျ်ားလေးလိုလို မိန်းကလေးလိုလို အသွင်အပြင်မျိုး ဖြစ်နေလေသည်။ မိန်းမငယ်လေးများသည် သူတို့ထက်ပိုလှ၍ သူ့ကို မနာလို ဖြစ်နေကြစဉ် ယောကျ်ားလေးများက မိန်းမဆန်လွန်းသောကြောင့် သူ့အား မုန်းတီးခဲ့ကြ၏။ အချိန်အကြာကြီးတိုင်အောင်အထိ သူသည် သူ၏ငယ်ဘဝကို အမှောင်ထဲတွင်သာ ဖြတ်သန်းခဲ့ရသည်။ သူ့ဆီသို့ လက်လှမ်းခဲ့သော တစ်ယောက်တည်းသောသူမှာ အန်းချန်ချီပင် ဖြစ်၏။

ဒုတိယမိသားစုခွဲ၏ တစ်ဦးတည်းသောသား ဖြစ်သည့်အလျောက် အန်းချန်ချီသည် မွေးစအရွယ်ကတည်းကပင် ချစ်ခင်ကြင်နာမှုများဖြင့် သွန်းလောင်းခံခဲ့ရပေသည်။ သူသည် အန်းချန်ချင်းထက် ငါးနှစ်ကြီး၏။ အန်းချန်ချင်း ဆယ့်နှစ်နှစ်အရွယ်တွင် သူသည် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးဖြစ်နေပေပြီ။ အကြီးဆုံးမြေးဖြစ်သည့် အန်းချန်ယု အပြင် အန်းချန်ချီသည် အိမ်တော်သခင်မကြီး၏ အချစ်ဆုံးမြေး ယောကျ်ားလေးများထဲမှ တစ်ဦးဖြစ်ပေသည်။

သူက အခြားကလေးများကို ပြစ်တင်ကြိမ်းမောင်းပြီး အန်းချန်ချင်းကို ထင်းတဲ ထဲမှ ကယ်တင်ပေးပြီးနောက် အန်းချန်ချင်းသည် ဤအစ်ကိုဖြစ်သူကို အမှန်ပင် လေးစားခဲ့ရ၏။ အန်းချန်ချီသည်လည်း ထိုအချိန်မှစ၍ သူ့အပေါ်တွင် စိတ်စေတနာကောင်းများထားပြီး သူ့ကို အနိုင်ကျင့်သူများထံမှ အမြဲကယ်တင်ကာ အရသာရှိသော မုန့်များနှင့် လှပသောအဝတ်အစားများကို ဝယ်ပေးခဲ့လေသည်။

သူ၏ဆယ့်နှစ်နှစ်ပြည့်မွေးနေ့တွင် အန်းချန်ချီသည် သူ့ကို မုဒိမ်းပြုကျင့်ရန် မကြိုးစားခဲ့ပါလျှင် အရာအားလုံးသည် ကောင်းမွန်စွာ အဆင်ပြေနေမည်ပင် ဖြစ်သည်။

အန်းချန်ချင်းသည် နွေဦး၏ထိုနေ့ကို ကွက်ကွက်ကွင်းကွင်းပင် မှတ်မိနေပါသေးသည်။ သူ၏မွေးနေ့သည် ဖေဖော်ဝါရီလ ဆယ့်ငါးရက်၊ နွေဦးရာသီ၏ နေ့တာနှင့်ညတာ အတိအကျ ညီမျှသောနေ့လည်း ဖြစ်သည်။ အန်းမိသားစု တစ်စုလုံးသည် နွေဦးပွဲတော်အတွက် ပြင်ဆင်နေကြသော်လည်း တတိယသခင်လေးသည် ဤနေ့တွင် မွေးဖွားခဲ့သည်ကိုတော့ မည်သူမျှ သတိမရကြပါပေ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now