အကျဉ်းချုပ်

4.4K 120 1
                                    

Unicode
.
.
Title - The Tyrant's Beloved Empress

Author(s)

Xiu Sheng

Year

2019

Status inCOO

140 chapters (Completed)

အကျဉ်းချုပ်

မြောက်ပိုင်းစစ်ဘုရင်သည် ဒေါသကြီးပြီး ကြမ်းတမ်းသည်ဟု ဆိုကြသည်။ သူ့လက်ထဲတွင် သေဆုံးသွားသူများမှာ မရေမတွက်နိုင်အောင်ပင် များလွန်းသည်။ အန်းချန်ချင်းသည် သူ၏ယခင်ဘဝမှ ကောလဟာလများကို ယုံကြည်ကာ ထိုယောကျ်ားအား ကြောက်ရွံ့ခဲ့မိ၏။ သူသည် ထိုလူကြီးအား အနီးကပ်ကြည့်ရန် မည်သည့်အခါမှ သတ္တိမရှိခဲ့ပါ။ ထိုသူက သူ၏ ကြင်နာသနားမှုများအားလုံးကို သူ့အား ပေးအပ်ခဲ့သည်ဆိုသည်ကို သူ သေဆုံးသည့်အခါမှ သိခဲ့ရပေသည်။

သူတို့၏ မင်္ဂလာဦးည အချိန်အခါသို့ ပြန်ရောက်သွားသည့်အခါမှာတော့ အန်းချန်ချင်းက ထိုကြောက်စရာကောင်းသော ယောကျ်ားအား ကြည့်လိုက်လေ၏။ ထို့နောက် သူသည် ထိုသူ၏ နှုတ်ခမ်းအား နမ်းရန် လက်ဦးမှု ယူလိုက်သည်။

ထိုယောကျ်ားက သူ၏မျက်ခုံးများကို တွန့်ကွေးလိုက်၏။ သူက အန်းချန်ချင်း၏ မေးစေ့ကို ညင်သာစွာ ပင့်မ လိုက်လေသည်။

"မင်း ကိုယ့်ကို မကြောက်ဘူးလား"

အန်းချန်ချင်းသည် ထိုယောကျ်ား၏လည်တိုင်ကို ဖက်ကာ ချိုချိုသာသာ ပြုံးလိုက်၏။

"ကျွန်တော် ခင်ဗျားကို မကြောက်ပါဘူး။ နာကျင်ရမှာကိုပဲ ကျွန်တော် ကြောက်ပါတယ်"

ထို့နောက်တွင် ထိုသူသည် သူ့အား မည်သည့်အခါမှ နာကျင်မှုကို မခံစားစေတော့ပေ။

Zawgi
.
.
Title - The Tyrant's Beloved Empress

Author(s)

Xiu Sheng

Year

2019

Status inCOO

140 chapters (Completed)

အက်ဥ္းခ်ဳပ္

ေျမာက္ပိုင္းစစ္ဘုရင္သည္ ေဒါသႀကီးၿပီး ၾကမ္းတမ္းသည္ဟု ဆိုၾကသည္။ သူ႕လက္ထဲတြင္ ေသဆုံးသြားသူမ်ားမွာ မေရမတြက္နိုင္ေအာင္ပင္ မ်ားလြန္းသည္။ အန္းခ်န္ခ်င္းသည္ သူ၏ယခင္ဘဝမွ ေကာလဟာလမ်ားကို ယုံၾကည္ကာ ထိုေယာက်္ားအား ေၾကာက္႐ြံ႕ခဲ့မိ၏။ သူသည္ ထိုလူႀကီးအား အနီးကပ္ၾကည့္ရန္ မည္သည့္အခါမွ သတၱိမရွိခဲ့ပါ။ ထိုသူက သူ၏ ၾကင္နာသနားမႈမ်ားအားလုံးကို သူ႕အား ေပးအပ္ခဲ့သည္ဆိုသည္ကို သူ ေသဆုံးသည့္အခါမွ သိခဲ့ရေပသည္။

သူတို႔၏ မဂၤလာဦးည အခ်ိန္အခါသို႔ ျပန္ေရာက္သြားသည့္အခါမွာေတာ့ အန္းခ်န္ခ်င္းက ထိုေၾကာက္စရာေကာင္းေသာ ေယာက်္ားအား ၾကည့္လိုက္ေလ၏။ ထို႔ေနာက္ သူသည္ ထိုသူ၏ ႏႈတ္ခမ္းအား နမ္းရန္ လက္ဦးမႈ ယူလိုက္သည္။

ထိုေယာက်္ားက သူ၏မ်က္ခုံးမ်ားကို တြန႔္ေကြးလိုက္၏။ သူက အန္းခ်န္ခ်င္း၏ ေမးေစ့ကို ညင္သာစြာ ပင့္မ လိုက္ေလသည္။

"မင္း ကိုယ့္ကို မေၾကာက္ဘူးလား"

အန္းခ်န္ခ်င္းသည္ ထိုေယာက်္ား၏လည္တိုင္ကို ဖက္ကာ ခ်ိဳခ်ိဳသာသာ ၿပဳံးလိုက္၏။

"ကြၽန္ေတာ္ ခင္ဗ်ားကို မေၾကာက္ပါဘူး။ နာက်င္ရမွာကိုပဲ ကြၽန္ေတာ္ ေၾကာက္ပါတယ္"

ထို႔ေနာက္တြင္ ထိုသူသည္ သူ႕အား မည္သည့္အခါမွ နာက်င္မႈကိုမခံစားေစေတာ့ေပ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now