Chapter 279 - Extra 3

1.7K 270 4
                                    

Unicode

နှစ်ဝက်အကြာတွင် တိချိုးဟယ်၏ Wolf Venom ဇာတ်ကားထွက်ရှိလာသလို ဟောပိုင်၏ ကိုယ်ပိုင်စတူရီယိုလဲ ဖွင့်လှစ််နိုင်ခဲ့၏။ ဟောပိုင်က ဓာတ်ပုံပြပွဲလေးနှင့် ဖွင့်ရန် ကြိုးစားသည်။

" နိုင်ငံတကာကို ခရီးပတ်သွားရအောင်လေ.. ပျားရည်စမ်းခရီးနောက်ထပ် ထွက်လို့ရတာပေါ့"
တိချိုးဟယ်က ပြုံးပြုံးကြီး အကြံပေးသည်။

ဟောပိုင်က တိချိုးဟယ်ကို မျက်လုံးကျုံ့၍ ကြည့်သည်။
" ရှင်းရှောင်ဖုန်း ပို့လိုက်တဲ့ ဇာတ်ညွှန်းတွေ မရဘူးလား"

"  ရတယ်လေ"
တိချိုးဟယ်က ပြန်ဖြေရင်း သက်​ပြင်းချသည်။
" အကုန်လုံးက စိတ်ဝင်စားဖို့မှ မကောင်းတာ.. ကိုယ်တော့ အလုပ်မရှိ အကိုင်မရှိ ဖြစ်တော့မယ်နဲ့တူပါ.."

ဟောပိုင်က ဓာတ်ပုံအယ်ဘမ်များထဲမှ ဇာတ်ညွှန်းတစ်အုပ်ကို ဆွဲထုတ်ပေးလိုက်သည်။
" ရော့ ဒါ အရမ်းမိုက်တယ် .. သေချာပြင်ဆင်ထားလိုက်နော်.. တစ်လနေရင် ရိုက်ကူးရေးစမှာတဲ့"

တိချိုးဟယ်က ဇာတ်ညွှန်းစာအုပ်ကို မယုံနိုင်သလို စိုက်ကြည့်နေသည်။
" ဒါက ဘာလို့ ဒီမှာရှိနေတာပဲ.. ကိုယ် ..."

" ဟုတ်တယ်.. ခင်ဗျား သူများကို ပေးပစ်လိုက်တဲ့ ဇာတ်ညွှန်းလေ.."
ဟောပိုင်က အေးစက်စက်ပြန်ဖြေသည်။
" ကောင်းသားပဲ ချာတိတ်တိ.. ခင်ဗျား ရှင်းရှောင်ဖုန်း နောက်ကွယ်မှာ ဒီလောက်ကောင်းတဲ့ ဇာတ်ညွှန်းကို ပေးပစ်ရဲတဲ့ သတ္တိကိုတော့ လေးစားပါတယ်.. ဘာလဲ ခင်ဗျား အလုပ်မလုပ်ချင်ရတော့အောင် အရမ်းချမ်းသာနေလို့လား... ဟုတ်လား.. ကျွန်တော့်ကို လာမစမ်းနဲ့နော် ခင်ဗျားကတ်တွေအကုန် ကျွန်တော့်ဆီမှာ.. ခင်ဗျား ကျွန်တော်ပေးသလောက်ပဲ သုံးနေရတယ်ဆိုတာ သတိရဦး"

တိချိုးဟယ်က ပျာပျာသလဲ အနားကပ်လာသည်။
" ခွေးပေါက်လေး.. ကိုယ် ရှင်းပြနိုင်ပါတယ်"

" ​ပြောကြည့်လေ"

တိချိုးဟယ်က ဆင်ခြေကောင်း​ကောင်းပေးရန် ကြိုးစားသော်လဲ မရသဖြင့် လက်လျှော့လိုက်သည်။
" အဟမ်း.. ကိုယ်ပြောချင်တာက.. မင်းပြောတာ အကုန် အမှန်တွေချည်းပဲ.. ပြီးတော့ ကိုယ် မင်းကို ချစ်တယ်လို့"

OUR ( One Useless Rebirth) 2Where stories live. Discover now