Chapter 254 - အဆိုးရွားဆုံး အိပ်မက် 2

1.7K 314 5
                                    

Unicode

" ချိုးဟယ်!!"

ချွေးစေးများပြန်ကာ နိုးလာသည့် ဟောပိုင်မှာ အမှောင်ထဲတွင် ဖုန်းကို စမ်းကာ လိုက်ရှာသည်။ တိချိုးဟယ်ကို ဖုန်းခေါ်နေရင်းနှင့် အမှောင်ထဲတွင် တုန်လှုပ်စွာနှင့် စောင့်နေသည်။

" ခွေးပေါက်လေး??"
တစ်ဖက်မှ အခုလေးတင် အိပ်ရာနိုးလာပုံရသည့် တိချိုးဟယ်၏ အသံထွက်လာသည်။

ထိုအသံကြားတော့မှ ဟောပိုင် သက်ပြင်းချကာ ကုတင်ပေါ် ပြန်၍ ပစ်လှဲလိုက်သည်။ နှလုံးက တဒုန်းဒုန်းခုန်နေဆဲဖြစ်ကာ ကြောက်စိတ်ကြောင့် စကားတစ်ခွန်းမှ မဟနိုင်သေးပဲ အသက်သာ ပြင်းပြင်းရှူနေရသည်။

" ခွေးပေါက်လေး.. ဘာတွေဖြစ်နေတာလဲ.. နေကောင်းရဲ့လား"
တိချိုးဟယ်က စိုးရိမ်တကြီးနှင့် မေးနေသည်။

နဖူးမှ ချွေးများကိုသုတ်ရင်း ရေတစ်ငုံကို ခက်ခက်ခဲခဲ မြိုချပြီးမှ ဟောပိုင် စကားပြန်ပြောနိုင်သည်။
" ချိုးဟယ်.. ကျွန်တော် အဆင်ပြေပါတယ်.. အိပ်မက်ဆိုးမက်လို့.. ပြန်အိပ်တော့လေ.. ကျွန်တော့်ကြောင့် နိုးသွားရင် တောင်းပန်ပါတယ်"

ဟောပိုင်အသံက တုန်ယင်နေသည့်အတွက် တိချိုးဟယ် ပို၍ပင် စိတ်ပူသွားရသည်။ ချက်ချင်းပင် အိပ်ရာပေါ်မှ ဆင်းရင်း ပြန်မေး၏။
" မင်း အခု ဘယ်မှာလဲ ပြောပါ.. ကိုယ် မင်းကို တွေ့မှဖြစ်မယ်"
ထို့နောက် အပေါ်အင်္ကျီနှင့် ပိုက်ဆံအိတ်ကို ယူနေသည်။

" ခင်ဗျား အခု မလာပါနဲ့.. တော်တော်နောက်ကျနေပြီ"

" မင်းဘယ်မှာလဲသာ ပြောပါ.. ကိုယ့်ကို လိပ်စာပို့ပေးလေနော်"
တိချိုးဟယ်က ထိုစကားကိုသာ တွင်တွင်ပြော၏။

စောစောက အိပ်မက်ကို ပြန်တွေးမိတော့ ဟောပိုင် စိတ်မအေးနိုင်သေး။ ထို့ကြောင့် ပွဲမပြီးမချင်း မတွေ့ဘူးဟူသည့် သူ့စကားသူ ပြန်ရုပ်သိမ်းလိုက်ရသည်။ အခုချိန်တွင် သူလဲ တိချိုးဟယ်ကို အရမ်းတွေ့ချင်နေသည်လေ။ ထို့ကြောင့် လိပ်စာပေးလိုက်သည်။ သို့သော် တစ်ယောက်ထဲမလာပဲ အနည်းဆုံး သက်တော်စောင့်တစ်ယောက်တော့ ခေါ်လာရန် သတိပေးလိုက်သေး၏။

OUR ( One Useless Rebirth) 2Where stories live. Discover now