Chapter 217- ထောင်ချောက်ကို ထောင်ချောက်နှင့် ပြန်မျှားခြင်း 3

2.4K 441 9
                                    

Unicode

" လက်ပူးလက်ကြပ်ဖမ်းမယ်?? ဘယ်လိုဖမ်းမှာလဲ"
ဟောပိုင်က နားမလည်၍ ပြန်မေးလိုက်သည်။

" ကိုယ် တိချွန်းဟွာကို သေချာသိတယ်.. သူ့ထောင်ချောက်ထဲ ကိုယ် ဘယ်လိုကျမလဲဆိုတာကို တစ်နေရာကနေ စောင့်ကြည့်နေမှာ.. ကိုယ် အဆင်ပြေပြေရှိနေရင် တစ်ခုခုမဖြစ်ဖြစ်အောင် ဆက်လုပ်မှာ"
တိချိုးဟယ်က ဟောပိုင်နားရွက်ဖျားလေးကို လက်နှင့်ပွတ်ကာ ပြန်ဖြေသည်။
" အနုပညာဖလှယ်ပွဲရှိတော့ ကိုယ်တို့ဒီမှာသုံးရက်တောင် ကြာဦးမှာလေ.. စိတ်ချပါ.. တိချွန်းဟွာက မဖြစ်ဖြစ်တဲ့နည်းနဲ့ ထပ်လုပ်ဦးမှာ"

တိချိုးဟယ်ပြုံးတာမြင်တော့ ဟောပိုင်က မျက်စောင်းထိုး၏။

ကင်မရာအသုံးအဆောင်များပါလာသဖြင့် သူတို့ အခန်းကျယ်ကို ငှားထားသည်ဖြစ်၍သာ တော်သေးသည်။ ဒီနေ့တော့ ဟောပိုင်က အပိုပေးထားသော ကုတင်အသေးတွင်သာ အိပ်ရမည်ထင်၏။

စောစောက ဟိုတယ်ပြန်မသွားဖို့ အကြံပြုခဲ့သော တိချိုးဟယ်က အခုတော့ သူကိုယ်တိုင် ထောင်ချောက်ထဲ ဝင်ဖို့ ကြံစည်နေပြန်၏။ ဒီညတော့ သူ အိပ်လို့မဖြစ်။

ဤသို့ဖြင့် ထိုညက နှစ်ယောက်သား ခွဲအိပ်ကြရသည်။ နောက်တစ်နေ့တွင် အနုပညာဖလှယ်ပွဲသို့ အတူတက်ကာ ပရိသတ်များနှင့် ကောင်းကောင်းအချိန်ဖြုန်းကြသည်။ သက်တော်စောင့်များက ခပ်လှမ်းလှမ်းမှ တိတ်တဆိတ်စောင့်ရှောက်ကြသည်။

ပထမနေ့တွင် ဟောပိုင်က ဓာတ်ပုံဆရာ​မြောက်မြားစွာနှင့်တွေ့ကာ အတွေ့အကြုံအများကြီး ရခဲ့သည်။ ဒုတိယနေ့ကတော့ ဟောပြောပွဲဖြစ်၍ စာတွေ့အများကြီး သိခဲ့ရသည်။ သူတို့၏ သက်တော်စောင့်များက ရေချိုးခန်းထဲတွင် ကင်မရာတစ်လုံး ထပ်တွေ့ပြန်၏။

" သခင်လေးတို့ မနက်စာ ဆင်းစားကြတုန်း မိန်းကလေးတစ်ယောက် ခိုးဝင်သွားတာပါ.. ဒါက ကျွန်တော်တို့ ရိုက်ထားတဲ့ပုံပါ"

" တိချွန်းဟွာ ရူးများသွားတာလား.. ကျွန်တော်တို့နှစ်ယောက်ဆီက သူလိုချင်တဲ့ပုံစံမျိုး မရတော့.. ရေချိုးခန်းထဲမှာတောင် ကင်မရာထားတယ်လား.. ခင်ဗျား ရေချိုးနေတဲ့ပုံပဲဖြစ်ဖြစ် လွှင့်ချင်လို့လား"
ဟောပိုင်က အတော်အံ့သြကာ သက်တော်စောင့် လှမ်းပေးသည့် ဓာတ်ပုံကို ယူကြည့်သည်။
" နေပါဦး.. ဒါ မနေ့က ခင်ဗျားဆီက လက်မှတ်လာတောင်းတဲ့ တစ်ယောက်မဟုတ်လား.. မနေ့က အဲ့တစ်ယောက်ပေးတဲ့ရေကို ခင်ဗျားမသောက်မိလို့ တော်သေးတာပေါ့... ကံကောင်းလို့ "

OUR ( One Useless Rebirth) 2Where stories live. Discover now