Chapter 193- မွ~ 1

2.7K 518 7
                                    

Unicode

Cheng's Army ဇာတ်ကားက weibo ပေါ်တွင် တစ်ပတ်လုံး ပြောကြသည့် သတင်းထဲတွင် ပထမနေရာတွင် ရှိနေပြီး တိဘီရန် အဖမ်းခံရသည့်သတင်းက ဒုတိယနေရာတွင် ရှိနေသည်။

netizen တို့က ကြည့်နေကျ ဒရာမာထက်တောင် ပို ဒရာမာကျနေသော တိမိသားစုအကြောင်း ပြောကြသည်။ အဖေက ထောင်ထဲရောက်နေကာ စွန့်ပစ်ခံလိုက်ရသည့်သားက အောင်မြင်နေသည့် အကြောင်းပင်။

ဟောပိုင်က စာသင်နှစ်အသစ်၏ အချိန်ဇယားကို ရသည်။ လက်တွေ့လေ့ကျင့်ရမည့်အတန်း သိပ်မရှိ။ ဟောပိုင်တစ်ယောက် cert များများ ထပ်ယူရမည်ဖြစ်သည်။

အရင်ဘဝက ဟောပိုင်မှာ လိုအပ်သည့် cert များ အားလုံးကို နောက်ဆုံးနှစ်တွင် ရခဲ့သည်။ ဒီဘဝတွင်လဲ ထို cert များက မရှိမဖြစ်လိုသည်။ ထို့ကြောင့် ထို cert များ အားလုံးကို ဒီစာသင်နှစ်တွင် အရယူရန် စဥ်းစားသည်။ နောက်နှစ်မှာ ယူရမည့် cert များကိုပါ သူ တစ်ခါထဲ အပြီးလိုချင်သည်။

ထိုအကြောင်းကို ဆွေးနွေးတော့ ဆရာက နည်းနည်းအံ့သြသွားသည်။ အချိန်တိုအတွင်း ဟောပိုင်ဘယ်လောက်အောင်မြင်လာသည်ကို ဆရာမသိမဟုတ် သိသည်။ ထို့ကြောင့် ပြောလိုက်၏။
" ဟောပိုင်.. မင်း အလုပ်ကြိုးစားတယ်ဆိုတာလဲ ငါသိတယ်.. ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာလဲ ငါသိတယ်.. ဒါပေမဲ့ cert ဆိုတာ လွယ်လွယ်နဲ့ ရနိုင်တာမဟုတ်ဘူး.. မင်း နောက်နှစ်ဆို ဘွဲ့ရမှာပဲ ဖြည်းဖြည်းချင်းလုပ်လို့ရပါတယ်ကွာ.. ပြန်စဥ်းစားဦးမလား"

ဟောပိုင်က အားကြိုးမာန်တက် ပြန်ဖြေသည်။
" ကျွန်တော်အများကြီး စဥ်းစားခဲ့ပြီးပါပြီ... ကျွန်တော်လုပ်နိုင်မယ်လို့ ထင်ပါတယ်.. ဒီနှစ်ထဲမှာ လိုအပ်တဲ့ cert တွေအကုန်ယူလိုက်ရင် နောက်နှစ် လက်တွေ့ပိုလုပ်နိုင်မယ်ထင်လို့ပါ.. မဟုတ်ရင် နောက်နှစ် အလုပ်ရော စာရောနဲ့ ကျွန်တော်နိုင်မယ်မထင်ဘူး"
အရင်ဘဝက အကုန်ရခဲ့ပြီးပြီပဲဟာ.. နည်းနည်းလောက် ကြိုးစားလိုက်ရင် ရတာပေါ့..

ဟောပိုင်ဘက်က ယုံကြည်ချက်ပြင်းပြနေမှတော့ ဆွေးနွေးပေးသည့် ဆရာကိုယ်တိုင် ဘာမှမလုပ်နိုင်တော့သဖြင့် ခေါင်းညိတ်သည်။
" နောက်လမှာ cert တစ်ခုအတွက် စာမေးပွဲရှိတယ်..  စီနီယာတွေနဲ့ မင်းကို တွဲပေးလိုက်မယ်.. မင်း ကျောင်းအပြင်မှာ နေမဲ့ form ကို ဆရာတင်ပေးပြီးပြီ ဒါပေမဲ့ စာကျက်ရအဆင်ပြေအောင် မင်းအတွက် အခန်းကို သိမ်းထားပေးမယ်.. ကံကောင်းပါစေကွာ"

OUR ( One Useless Rebirth) 2Where stories live. Discover now