Chapter 270- သူဌေးရယ် သူဌေးယောကျ်ားရယ် 1

1.9K 333 1
                                    

Unicode

နောက်တစ်နေ့တွင် တိချိုးဟယ်က ဟောပိုင်အတန်းဖော်များကိုသွားခေါ်သည်။ အန်တီရှုကိုလဲ အိမ်သန့်ရှင်းရေး လုပ်ပေးရန် ခေါ်ထား၏။

မနက်စာ စားကြပြီးနောက် သူတို့တစ်ဖွဲ့လုံး ဧည့်ခန်းထဲတွင် အေးဆေးနေကြ၏။

နျို့ကျွင်းကျယ်က မီးဖိုခန်းထဲတွင် ပန်းကန်များ ကူဆေးနေသော တိချိုးဟယ်ကို တလှည့် ဆိုဖာပေါ် နှပ်နေသော ဟောပိုင်ကိုတလှည့်ကြည့်နေသည်။
" ကျွတ် ကျွတ် ကျွတ်.. ချစ်ဖို့ကောင်းလိုက်တဲ့ရည်းစားကွာ.. သိတတ် လိမ်မာလိုက်တာ.. တိချိုးဟယ်လို သူဌေးသားလေးကို ဒီလိုအပိုးကျိုးအောင် လေ့ကျင့်နိုင်တာ ရှောင်ပိုင် အရမ်းတော်"

" ဒီမှာ ဒီမှာ စကားပြောဆင်ခြင်ပါ.. ဘာ လေ့ကျင့်တာတုံး.. အချစ်နဲ့ လေးစားမှုကြောင့် ပြောင်းလဲသွားတာ"
သိုးသားကင်ဖို့ စာရင်းတွေ ပြုစုနေသည့် ချန်ကျဲက နျို့ကျွင်းကျယ်စကားကြောင့် ဝင်ချေပလိုက်သည်။

" လောင်တာ့ ခင်ဗျား သိုးသား ကင်တတ်လား"
ချန်ကျဲက ဝမ်ဟူကို မေးလိုက်သည်။

ဓာတ်ပုံစာအုပ်ကို လှန်ကြည့်နေသည့် ဝမ်ဟူက အစားအသောက်စာရင်းကိုတစ်ချက်ကြည့်ရင်း ခေါင်းညိတ်သည်။
" အင်း သွားကင်မယ်လေ.. ငါ့အဖေ ဝက်တစ်ကောင်လုံးကင်တာကို ငါ ကူပေးဖူးတယ် .. အတူတူပဲမဟုတ်ဘူးလား"

"ကျွန်တော်တို့ သွားကြမလား"

" သွားလေ"

ဝမ်ဟူက စာအုပ်ချကာ ချန်ကျဲနှင့်အတူ ထွက်သွား၏။

နျို့ကျွင်းကျယ်က သူတို့ကို နားမလည်နိုင်စွာ ထအော်သည်။
" ဟေ့ကောင်တွေ... အခုမှ မနက်စာစားပြီးတာ ဘာလောနေတာလဲ.. ဘယ်သူမှ မဆာသေးဘူး"

" ကျွန်တော်ကတော့ သူတို့ လုပ်တတ်တယ်လို့ မြင်တာပဲ"
စာရွက်တစ်ခုကိုင်ကာ အခုမှ ဧည့်ခန်းထဲ ဝင်လာသည့် ရှင်းရှောင်ဖုန်းက ဝင်ပြောသည်။
" သိုးသားကင်ဖို့ ပြင်ဆင်ရတာ အရမ်းအချိန်ကြာတယ်.. ပြီးတော့ ဟင်းခတ်မှုန့်နဲ့ နယ်ဖတ်ရဦးမှာ..သာမန်သိုးတစ်ကောင်ဆို သုံးနာရီလောက်ကြာတယ် ကြီးရင် ငါးနာရီလောက်ပေါ့.. ချိုးဟယ်ဝယ်ထားတဲ့သိုးက အရမ်းကြီးမကြီးတော့ သုံးလေးနာရီလောက်တော့ ပြင်ရမှာ"

OUR ( One Useless Rebirth) 2Where stories live. Discover now