Chapter 280 - Extra 4

1.6K 281 7
                                    

Unicode

ဟောပိုင်မျက်ခုံးများ တွန့်ချိုးနေကာ ခဏတွေးပြီးနောက် ပြန်ပြောသည်။
" sex scene လုံးဝမပါရဘူး.. kiss scene ကတော့ ဇာတ်ကားပေါ်မှာမူတည်တာပေါ့.. အာ မရပါဘူး.. kiss scene လဲ လူစားထိုးလိုက်"

ဟောပိုင်အတော်လေး စိတ်ညစ်နေတာကိုတွေ့တော့ တိချိုးဟယ် တော်တော်ပျော်ကာ ဟောပိုင်ကို ပြေးဖက်ကာ အားရပါးရ ပြောနေသည်။
" ခွေးပေါက်လေးရာ.. မင်း သဝန်တိုနေတဲ့ပုံလေးက ချစ်စရာလေးကွာ.. စိတ်မပူပါနဲ့.. ကိုယ် မင်းဆီက ခွင့်ပြုချက်ရမှ ရိုက်မှာပါကွာ"

ဟောပိုင်က ရှက်ရှက်နှင့် ခြေထောက်ကို တစ်ချက်ကန်ကာ အော်လိုက်သည်။
" သွားပါ.. playboy ကြီး.. "

" ကိုယ်က မင်းတစ်ယောက်ထဲကိုပဲ ကစားချင်တာပါ.. ကိုယ့်မှာ မင်းတစ်ယောက်ထဲပဲရှိတာပါ"
တိချိုးဟယ်က ဟောပိုင်ကို နမ်းရင်း စကားဖြတ်ပြောလိုက်၏။
" လာလေ.. ကိုယ်နဲ့ကစားရအောင်"

တစ်ပတ်အကြာတွင်တော့ ဟောပိုင်က ဓာတ်ပုံပြပွဲအတွက် ရက်သတ်မှတ်လိုက်သည်။ စုစုပေါင်းသုံးပွဲကျင်းပမည်ဖြစ်ပြီး နှစ်ပွဲက B မြို့တွင် ဖြစ်ကာ နောက်တစ်ပွဲတွင် D နိုင်ငံတွင် လုပ်မည်ဖြစ်၏။

B မြို့တွင် ပထမဆုံးလုပ်သည့်ပွဲက အကြီးအကျယ်အောင်မြင်သွားသည်။ ဟောပိုင်မှာ အနုပညာလောကတွင် မှတ်တိုင်တစ်ခု စိုက်ထူနိုင်သည််အထိ နာမည်ကြီးသွား၏။ ပရဟိတလုပ်ရန် လေလံသည့်ပွဲကပင် အတော်အောင်မြင်၏။

D နိုင်ငံတွင်လုပ်သည့် ဒုတိယပွဲမှာ ရှုခင်းပုံများသာ အဓိကပါသည်။ ပထမတစ်ပွဲထက်ပင် လူကြည့်များကာ ဓာတ်ပုံစုဆောင်းသူတို့ကပင် အလုအယက်ဝယ်ကြရလေသည်။

နောက်ဆုံးပြပွဲကိုတော့ တရုတ်နှစ်သစ်ကူးတွင် ကျင်းပ၏။

" ဘာလို့ ပြပွဲကို နှစ်သစ်ကူးမှာ လုပ်တာလဲ"
အလုပ်ကိစ္စကြောင့် ခရီးလွန်နေသည့် တိချိုးဟယ်က ပြန်ရောက်ရောက်ချင်း မေးလိုက်သည်။

" စိတ်မပူပါနဲ့.. မမလီလဲရှိတယ် ရှုချင်းလဲရှိတယ် သူတို့ကူညီပေးတာ"
ဟောပိုင်က တိချိုးဟယ်ကို တင်းတင်းကြပ်ကြပ်ဖက်ရင်း ဘယ်လောက်လွမ်းနေခဲ့ကြောင်း နားနားကပ်ကာ တိုးတိုးလေး လာပြောသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now