Chapter 257- လက်ထောက်အန်း 2

1.7K 339 7
                                    

Unicode

တိချိုးဟယ် အခန်းအပြင်ထွက်တော့ အခန်းတံခါးရှေ့ အလောတကြီးရောက်လာသည့် သက်တော်စောင့်အချို့နှင့်တွေ့သည်။
" သခင်လေးစီးမဲ့ကားထဲမှာ ဖုန်းခိုးနားထောင်တဲ့စက်ကို တွေ့ပါတယ် .. ပြီးတော့ သခင်လေး ကိုယ်တိုင်မောင်းမဲ့ကားထဲမှာတော့ GPS ရယ် လျှို့ဝှက်ကင်မရာကိုပါ တွေ့ပါတယ် .. သခင်လေးတိ.. အကုန်လုံးက အခုမှ တပ်ထားတဲ့ပုံပါပဲ.. မနက်က ကားတွေအကုန်လိုက်စစ်တာ တစ်ခုမှ မတွေ့ပါဘူး!

ဖုန်းခိုးနားထောင်စက် .. ကင်မရာ.. GPS...

ဝမ်ပေါ်ရီက ဒေါသတကြီးနှင့် ခုံပေါ်ထိုင်နေသည့် လက်ထောက်အန်းကို အသံကျယ်ကျယ်နှင့် ထအော်သည်။
" မင်း ဘာလုပ်တာလဲ.. ရူးသွားတာလား.. မင်း ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်ဆိုတာကိုရော သိသေးရဲ့လား"

အန်းရှီရှီးက ဘာမှမပြောပဲ ခေါင်းငုံ့က မျက်ရည်များသာ ကျနေသည်။

" မင်း လုပ်ထားတာ မင်းရှင်းလေ.. ဘာလို့မပြောတာလဲ.. ငါ့ကိုပြောစမ်းပါ"

ဝမ်ပေါ်ရီ ဒီလောက်ဒေါသထွက်နေသည်ကို တိချိုးဟယ် ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။ ထိုသို့ဒေါသတကြီးပြောနေသည်ကို မကြည့်ချင်သဖြင့် မျက်မှောင်လေးသာ ကျုံ့၍ ဝမ်ပေါ်ရီကို ပခုံးလေးပုတ်လိုက်သည်။
" လက်ထောက်ဝမ်.. မင်းလဲ ပင်ပန်းနေမှာပဲ.. ခဏ နားလိုက်ပါလား"

ဝမ်ပေါ်ရီက ဘယ်လိုပြောရမှန်းမသိ ဖြစ်သွားသည်။
" သခင်လေးတိ .. ကျွန်တော်..."

" ရပါတယ်ကွာ.. မင်း ဘာပြောချင်လဲ ငါသိတယ်.. ကျိုးလီ.. လက်ထောက်ဝမ်ကို အဖော်လုပ်ပေးလိုက်"
တိချိုးဟယ်က လက်ထောက်ဝမ်ကို နားခိုင်းပြီးနောက် လက်ထောက်အန်းနားသို့ လျှောက်လာသည်။

တိချိုးဟယ် အနားကပ်လာသည့်အတွက် နေစရာမရှိသလို တုန်လှုပ်နေသည့် အန်းရှီရှီးကိုတွေ့တော့ ဝမ်ပေါ်ရီက လက်သီးကို တင်းတင်းဆုပ်သည်။ သက်တော်စောင့်ခေါင်းဆောင် ကျိုးလီက လက်ထောက်ဝမ်ကို ပခုံးပုတ်ရင်း အခန်းထဲမှ ထွက်သွား၏။

တိချိုးဟယ်က အန်းရှီရှီးရှေ့တွင် ဝင်ထိုင်ကာ တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။
" ဘာလို့လုပ်တာလဲ ပြောပါဦး"

OUR ( One Useless Rebirth) 2Where stories live. Discover now