Chapter 188 - ဘယ်သူက အိမ်ထောင်ဦးစီးလဲ 2

2.7K 529 3
                                    

Unicode

သူ့မိန်းမရဲ့ အရင်ရည်းစားပဲ သေချာပေါက် တိဘီရန် မှတ်မိတာပေါ့. ထို့ကြောင့် မျက်မှောင်ကြုံ့သွား၏။
" ဘာလို့ အဲ့လူအကြောင်းပြောနေတာလဲ.. ချင်းလီ လက်မထပ်ခင်က သိခဲ့တဲ့ လူပဲလေ ဘယ်သူမှမဟုတ်ဘူး"

" ကျွန်တော့်အဖိုးကို အဲ့ဒီ့ဘယ်သူမှ မဟုတ်တဲ့သူကပဲ တွေ့ခဲ့တာ.. အဖိုးကို လိုက်ရှာဖို့ သူ့ကို ဘယ်သူအကူအညီတောင်းထားတယ်ဆိုတာကိုရော သိချင်လား"
တိချိုးဟယ်က ဆိုဖာကိုမှီရင်း ရာသီဥတုအကြောင်း ပြောနေသလို အေးဆေးနေ၏။
" အဖိုးက တစ်လောကလုံးကို လျှောက်သွားနေတာမဟုတ်ဘူးဗျ.. ကျွန်တော့်အမေကိုလဲ စွန့်ပစ်ခဲ့တာမဟုတ်ဘူး... နေမကောင်းဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်သွားခဲ့တာ.. အိမ်ကိုတောင် ပြန်မလာတတ်တော့ဘူး.. အဲ့ဒီ့ချိန်ဖေကျုံးကို မတွေ့ခင်အထိပေါ့"

ချိန်ဖေကျုံးနှင့် တိရှားဆုန်းတို့ သူမသိအောင် တွေ့ကြသည်ဆိုတော့ တိဘီရန်မျက်နှာပြောင်းသွားသည်။
" မင်း ဘာကိုဆိုလိုချင်တာလဲ"

" အဖိုးက အရမ်းချမ်းသာတယ်လို့ ခင်ဗျား ချင်းလီကို ပြောခဲ့တယ်မဟုတ်လား"
တိချိုးဟယ်က ဆိုဖာကို လက်နှင့်တတောက်တောက် ခေါက်ရင်း ပြန်ပြောသည်။
" တိရှားဆုန်းက ခင်ဗျားနဲ့ ချွတ်စွပ်ပဲကို .. သူတို့က တိရှားဆုန်းကို ကျွန်တော်ပါဆိုပြီး အဖိုးကို လိမ်ဖို့ကြိုးစားတာလေ.. အဖိုးရဲ့ စည်းစိမ်တွေအားလုံးကို ချင်းမိသားစုအတွက် ယူဖို့ကြံစည်ကြတာ"

တိဘီရန်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အဲ့ဒီကိစ္စအောင်မြင်ပြီး ချင်းမိသားစု ဒီ့ထက်ချမ်းသာသွားပါက သူ မတွေးရဲစရာတွေ ဖြစ်လာလိမ့်မည်။ သားအရင်းက သူ့ကို ပြန်လိမ်သည့်အတွက် တိဘီရန် ခံပြင်းနေ၏။

" ကျွန်တော် ချိန်ဖေကျုံးဆီက အကုန်ကြားပြီးပြီ.. သူက ချင်းလီ သူ့ကိုထားသွားလို့ မုန်းနေတာ.. ခင်ဗျားက ချင်းလီရဲ့ကိုယ်ဝန်ကို အကြောင်းပြပြီး အမေနဲ့ ကွာရှင်းချင်ခဲ့တာမလား... အဲ့ဒါကြောင့်မို့ ချိန်ဖေကျုံးက အချစ်ဆိုတာကို မယုံတော့တာ"

တိဘီရန် ကြောင်အနေ၏။

" တော်သေးလို့ အဖိုးက သူတို့ထောင်ချောက်ထဲ မကျသွားခဲ့တာ.. တိရှားဆုန်း ဘာမှမလုပ်နိုင်ခင် အိမ်အရင်ပြန်လာခဲ့တယ် အမေ့ကို စောင့်ကြည့်ဖို့ ခင်ဗျားအိမ်မှာ ထားထားခဲ့တဲ့ ဦးလေးဟူကို ပြန်ခေါ်တယ်.. ပြီးတော့ ကျွန်တော့်ကို ဆက်သွယ်ပြီး ဖြစ်ပျက်သမျှတွေ အကုန်ပြောပြတယ်"

OUR ( One Useless Rebirth) 2Where stories live. Discover now