Chapter 203 - မိဘများကို ကန်တော့ခြင်း 3

2.2K 464 8
                                    

Unicode

တိချိုးဟယ်က အောင်မြင်မှုကို တစ်ခါတည်း အပြီးသတ် ရချင်သဖြင့် ဆက်ပြောလိုက်သည်။
" ကျွန်တော် ပိုင့်စကား နားထောင်ပါ့မယ်"

ထို့​နောက် အတော်ညင်သာသည့် လေပြေတစ်ချက် ဝေ့သွားသည်။

" ကျွန်တော် ပိုင့်အမိန့်အတိုင်းပဲ လိုက်နာပါ့မယ်"

မိုးခြိမ်းသံတွေ တော်တော်ကြီးကို လျော့ပါးလာသည်။

" ကျွန်တော်ရတဲ့ လစာတွေအကုန်လုံး ပိုင့်ကို အပ်ပါ့မယ်"

မိုးခြိမ်းသံက ကြားတယ်ဆိုရုံလေးသာ ကြားရတော့သည်။

" အိမ်ရော ကားရော ရှိသမျှ ပိုင်ဆိုင်မှုအားလုံးကို ပိုင့်နာမည်နဲ့ပဲ ထားပါ့မယ်"

မိုးခြိမ်းသံ လုံးလုံးပျောက်သွားသည်။

" ကျွန်တော့်တစ်ဘဝလုံး သူ့ကိုပဲ ချစ်ပြီး သူ့ကိုပဲ မြတ်နိုးသွားပါ့မယ်လို့ ကတိပေးပါတယ်"

တိချိုးဟယ်နားတွင် အတူထိုင်နေသော ဟောပိုင်မှာ အခုမှ တစ်ကိုယ်လုံး ကျက်သီးများထလာသည်။ တိချိုးဟယ် ကန်တော့သည်ကိုတွေ့တော့ သူပါ ရောယောင်ပြီး လိုက်ကန်တော့သည်။ သူတို့နှစ်ယောက်လုပ်နေပုံက ရူးပေါပေါ ဖြစ်နေပေမဲ့ တိချိုးဟယ်နဲ့သာ အတူတူဆို  ဘာပဲလုပ်ရလုပ်ရ သူ ကျေနပ်သည်။

ထို့ကြောင့် စိတ်ထဲမှ ထပ်ပြောလိုက်သည်။
" အမေ အဖေ.. ချိုးဟယ်ကို စောင့်ရှောက်ပေးပါ"

တိချိုးဟယ်က ဘေးကိုတစ်ချက်ငဲ့ကြည့်သည်။ သူ့ပုံက ရူးနှမ်းနှမ်းဖြစ်နေတာတောင် သူနှင့်အတူ လိုက်ရူးပေးနေသည့် ဟောပိုင်ကို ကြည့်ကာ ကျေနပ်စွာပြုံးရင်း ဟောပိုင်လက်လေးကို ဆွဲကိုင်လိုက်၏။
" ကျွန်တော် ပိုင့်ကို မတွေ့ခင်တုန်းက မိသားစုဆိုတာ ကျွန်တော့်စိတ်ထဲမှာ မကောင်းတဲ့ စကားလုံးလို့ပဲ အမြဲတွေးထားခဲ့တာ.. ကျွန်တော်ကြီးပြင်းလာခဲ့ရတဲ့ မိသားစုထဲမှာ အဖေက ငွေကို လူတိုင်းထက်ပိုချစ်တယ် မိထွေးနဲ့ သူ့သားသမီးတွေကျတော့ ကျွန်တော့်ကို အပြတ်ရှင်းကြတယ်.. သူတို့ထောင်ချောက်တွေထဲ မကျမိအောင်လို့ အမြဲတမ်း သတိထားနေရတာ စိတ်အေးအေးနဲ့ ဖြတ်သန်းခဲ့ရတဲ့ တစ်ရက်လေးတောင် မရှိခဲ့ပါဘူး"

OUR ( One Useless Rebirth) 2Where stories live. Discover now