Chapter 266- အတိတ်ဘဝ 3

1.9K 354 9
                                    

Unicode

" ရှောင်ဖုန်း.. ဘယ်လိုဖြစ်တာလဲ သိခဲ့လား"
နျို့ကျွင်းကျယ်က ပြတင်းနားရပ်ကာ ရှင်းရှောင်ဖုန်းကို ကြည့်သည်။
" ရှောင်ပိုင့်ကို ဆေးခတ်တာ ဘယ်သူလဲ.. တကယ်ပဲ ဆရာဝန်ပြောသလို ပြင်းထန်တာလား"

" အဲ့လိုပဲ ဖြစ်မယ်လို့ထင်တယ်..  တကယ်လို့ ဆေးပမာဏက နည်းရင်တောင် ရှောင်ပိုင်အတွက် မျှော်လင့်ချက်ရှိသေးတယ်. ဒါပေမဲ့ အခုက ရှောင်ပိုင်အသိတောင် မရှိတော့ဘူး.. တစ်ခါတစ်လေ မျက်လုံးဖွင့်နေပေမဲ့ ဘာမှမသိတော့ဘူးတဲ့.. ဆရာဝန်ပြောသလိုပဲ ရှောင်ပိုင့်ကို ဆုံးရှုံးရတော့မှာ"

" ဒါကြီးက ရှောင်ပိုင့်ကို ပိတ်လှောင်ထားသလိုဖြစ်နေမှာ.. သတင်းထဲမှာတွေ့တာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့မင်းသားက မိထွေးသတ်တာခံလိုက်ရတာဆို.. သူ မသေခင်က သူ့ညီမက သူ့ကိုဆေးခတ်တယ်ဆိုပဲ.. ရှောင်ပိုင်နဲ့ အဲ့ဒီ့မင်းသားက စားသောက်ဆိုင်တစ်ခုမှာ အတူစားမိကြတာတဲ့ .. အချင်းချင်းတိုက်မိပြီးတော့ အအေးဘူးချင်းလဲမိသွားတာ..နောက်ဆုံးတော့ အဆိပ်ခတ်ထားတဲ့ အအေးကို သောက်တဲ့သူက ရှောင်ပိုင်ဖြစ်သွားတာ"

နျို့ကျွင်းကျယ်က ထိုစကားကြောင့် အံကြိတ်သည်။
" ရှောင်ပိုင်က အဲ့မင်းသားရဲ့ ဓားစာခံဖြစ်သွားတာပေါ့"

" ဟုတ်တယ်.. ကြည့်ရတာ အရင်ဘဝက ရှောင်ပိုင် အဲ့မင်းသားအပေါ် အကြွေးအများကြီးတင်နေတဲ့ပုံပဲ"
ရှင်းရှောင်ဖုန်းက မျက်မှောင်ကြုံ့၍ ဆက်ပြောသည်။
" အဲ့ဒီ့ညက အအေးဘူးကိုယူပြီးတော့ ရှောင်ပိုင် ဓာတ်ပုံရိုက်ဖို့ တောင်ပေါ်တက်သွားတာ.. အဲ့မင်းသား တိုက်ပေါ်က တွန်းချခံရတဲ့ပုံကိုတောင် ရိုက်မိသွားသေးတယ်.. ဓာတ်ပုံတွေ ပြန်ကြည့်နေတုန်း ထူးဆန်းတာတွေ့လို့ ရှောင်ပိုင်က ရဲစခန်းတောင် သွားခဲ့တာတဲ့.. ပြီးတော့ ရဲစခန်းကို လာတဲ့လမ်းမှာတုန်းက အအေးတစ်ငုံလောက် သောက်ခဲ့တာ.. ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီးမကြာဘူး လဲကျသွားတာပဲ... အဲ့ဒါနဲ့ သူ့လက်ထဲက အအေးဘူးကို စစ်ကြည့်ကြတာ .. အလိုအလျောက် သက်သေဖြစ်သွားတာပဲ"

" ချီးပဲ"
နျို့ကျွင်းကျယ် မျက်နှာမဲ့လိုက်သည်။ ရှင်းရှောင်ဖုန်းပြောသည့် ဟောပိုင် အဲ့မင်းသားကို အကြွေးတင်နေတယ်ဆိုတာ မှားမည်မထင်။ ရှောင်ပိုင်က အဲ့မင်းသားဆိုတဲ့ကောင် သေရတာအတွက် တိုင်ချက်ဖွင့်ပေးတဲ့အပြင် သူ့အသက်ကိုပါစတေးပြီးတော့ သက်သေပါပေးလိုက်ရသေးသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now