Chapter 291 - Extra 15

1.4K 222 1
                                    

Unicode

တခြားဘဝတွင် ဟောပိုင်ကို တိချိုးဟယ်က စတွေ့တွေ့ချင်း ပါပါရာဇီဟု အထင်မှားခဲ့သည်။ သို့သော် ဟောပိုင်ကို ခပ်မြန်မြန်ပင် သဘောကျခဲ့ကာ သူ့ပုံစံအမှန်ကို ဟောပိုင်ရှေ့တွင် ပြသခဲ့၏။

ဟောပိုင်က လက်ထဲမှ တူကိုချကာ တိချိုးဟယ်ပါးလေးကို ဆွဲညှစ်လိုက်သည်။

ထူးဆန်းစွာပင် တိချိုးဟယ်မှာ သူ့လက်ကို ရှောင်လဲမရှောင် စိတ်ရှုပ်သည့်အရိပ်အယောင်ပင် မျက်လုံးထဲ မတွေ့ရ။ ထိုအပြုအမူကို မမျှော်လင့်ထား၍သာ စိုးရိမ်စိတ်နှင့် မေးလေသည်။
" ဘာဖြစ်နေတာလဲ .. မင်း အဆင်ပြေရဲ့လား"

ထိုမေးခွန်းကြောင့် ဒီဘဝတွင်လဲ တိချိုးဟယ် သူ့ကို သဘောကျနေမှန်း ဟောပိုင် သေချာသွားလေ၏။

ဒီဘဝက တိချိုးဟယ်မှာ အသက်သုံးဆယ်ကျော်နေပြီဖြစ်ကာ အလုပ်မှလွဲ၍ လူမှုဆက်ဆံရေး သိပ်မကောင်းဟု နာမည်ကြီးသူဖြစ်၏။ ထို့အပြင် အနုပညာအသိုင်းအဝိုင်းတွင် အလုပ်အတူလုပ်သည့် မိတ်ဆွေအနည်းငယ်မှလွဲ၍ သူငယ်ချင်းတစ်​ယောက်မှ မရှိ။ တိတိကျကျပြောရရင် လူတွေကို လုံးဝ အယုံအကြည်မရှိ။

ဒီဘဝတွင်လဲ တိချိုးဟယ် သူ့ကို သဘောကျနေသည်ကိုသိတော့ ဟောပိုင် အတော်လေး စိတ်ပျော်သွားသည်။ ထို့နောက် တိချိုးဟယ်ကိုစိုက်ကြည့်ကာ လက်ကို ဖျတ်ခနဲ ဆွဲကိုင်လိုက်၏။
" ကျွန်တော်ပြောတာ နားထောင်.. ဒီကမ္ဘာကြီးမှာ တိချိုးဟယ်ဆိုတဲ့ နာမည်နဲ့ တခြားတစ်ယောက်ကို ကျွန်တော် မသိပါဘူး"

တိချိုးဟယ်က လက်ကို ဆွဲမဖယ်ပဲ ထပ်ပြောလာမည့်စကားကိုသာ ငံ့လင့်နေသည်။
" ဒါပေမဲ့ မင်း အိပ်မက်ထဲမှာ ချိုးဟယ်လို့ ခေါ်တယ်လေ"

" အင်း အဲ့ဒါ ဟိုဘက်ကမ္ဘာက ချိုးဟယ်ကို ခေါ်တာ"
ဟောပိုင်က တိချိုးဟယ်မျက်လုံးကို သေချာစိုက်ကြည့်ကာ ပြောင်းလဲသွားမည့် အရိပ်အယောင်တို့ကို လိုက်ဖမ်းနေသည်။
" ဟုတ်တယ်.. ခင်ဗျားနဲ့ သူနဲ့က နာမည်တူတယ် မိသားစုတူတယ် .. နောက်ခံလဲ အတူတူပဲ.. ကြီးပြင်းလာတဲ့အသိုင်းအဝိုင်း အကုန်တူတယ်.. ဘာမတူတာလဲဆိုတော့ သူ့အသက် နှစ်ဆယ့်သုံးနှစ်မှာ ကျွန်တော်နဲ့တွေ့ပြီးတော့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြတာပဲ"

OUR ( One Useless Rebirth) 2Where stories live. Discover now