Chapter 157 - Sassy Puppy 2

3K 609 45
                                    

Unicode

ဟောပိုင်က စောစောကမှ ကောက်ကိုင်လိုက်သည့် ပန်းကန်ကိုချ၍ ခေါင်းစောင်းကာကြည့်နေသည်။
" ဘာဖြစ်တာလဲ"

တိချိုးဟယ်က သူ့ကိုတွန်းနေသည့် ခေါင်းလေးကို ကိုင်ထားရင်း နားရွက်ဖျားလေးကို ပွတ်ကာ တိုးတိုးလေးပြောလိုက်သည်။
" ကိုယ် အရမ်းပျော်တာပဲ.. ခွေးပေါက်လေး.. မင်းကိုယ့်အပေါ် ဘာလို့ ဒီလောက်ကောင်းရတာလဲ"

" အရူးလေး"
ဟောပိုင်က ဘာမှပြန်မပြောနိုင်တော့ပဲ တင်းတင်းကြပ်ကြပ် ပြန်ဖက်လိုက်သည်။
" ဒါလေးကို ကောင်းတာတဲ့လား...ခင်ဗျားက နည်းနည်းလေးနဲ့ ကျေနပ်လွယ်တာပဲ.. စိတ်ပျော်ရင် များများစား.. အရင်တစ်ခါထက်တောင် ပိန်သွားသေးတယ်.. ရုပ်ရှင်အတွက် အလုပ်တွေ အများကြီး လုပ်ခဲ့ရတယ်မဟုတ်လား.. ဒီလောက်အစောကြီးပြန်လာရဖို့"

တိချိုးဟယ်က ပြုံးနေကာ ဘာမှ ပြန်မပြော။ ဟောပိုင်၏ ကျောလေးကို အားရအောင် ပွတ်နေပြီးမှ ပြန်ဖြေသည်။
" မင်းက ပိုတောင်ပိန်နေသေးတယ် ခွေးပေါက်လေး... ကိုယ် မင်းကို ပြောပြချင်နေခဲ့တာရှိတယ်.. လူချင်းတွေ့ပြီး ပြောမှရမှာမို့လို့"

အဖက်ခံရခြင်းက အမြဲတမ်း နွေးထွေးကာ သက်တောင့်သက်သာရှိလေသည်။ ဟောပိုင်က ဖက်ထားရင်းမှ တိချိုးဟယ်အပေါ် မှီအိပ်ရင်း ထမင်းစားချင်စိတ် သိပ်မရှိသေး၍ မေးလိုက်သည်။
" ဘာပြောမလို့လဲ.. ကျွန်တော်မသိအောင် ပြဿနာရှာထားလို့လား"

" အင်း .. တကယ် ပြဿနာအကြီးကြီးပဲ"
တိချိုးဟယ်က ဟောပိုင်သက်တောင့်သက်သာရှိနေသည်ကို သတိထားမိတော့ ပိုပြုံးလာသည်။ ဖက်ထားသော လက်တစ်ဖက်ကို ရုတ်၍ သူ့အိတ်ထဲမှ တစ်ခုခု ထုတ်ကာ ဟောပိုင်လည်ပင်းကို ထိလိုက်ပြီး ပြန်ဖက်သည်။ ထို့နောက် တိုးတိုးလေး နားနားကပ်ကာ တောင်းဆိုလိုက်၏။
" ကိုယ် မင်းကို အရမ်းမြတ်နိုးတယ် ခွေးပေါက်လေး.. ကိုယ်နဲ့ အတူ ရှိနေပေးပါ"

လည်ပင်းတွင် ရှိနေသော ဆွဲကြိုးလေးကို ထိကိုင်လိုက်ပြီး သူ့ကိုဖက်ထားသည့် ကောင်လေး၏ အနွေးဓာတ်ကို ခံစားနေရ၏။ ဟောပိုင်က ဆွဲကြိုးလေးတွင် ရှိနေသည့် အရာလေးကို ကြည့်ချင်ပေမဲ့ အတင်းအကြပ်အဖက်ခံထားရသဖြင့် လက်လျှော့လိုက်တုန်း နားနားကပ်ကာ လေတိုးသံသဲ့သဲ့ကို ကြားလိုက်ရလေ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now