Chapter 261 - Say Yes 4

1.8K 362 7
                                    

Unicode

မကြာခင် တစ်ခန်းလုံးမှ ပရိသတ်များကပါ လက်ခုပ်ထတီးကြသည်။ ပရိသတ်အများစုက ဘာဖြစ်နေကြမှန်း မသိပေမဲ့ ဘုမသိ ဘမသိနဲ့ ရောယောင်တီးကြ၏။

ဟောပိုင်လဲ ပရိသတ်တွေ ဘာလို့ လက်ခုပ်တီးနေကြသည်ကို နားမလည်။ သို့သော် စင်အလယ်တွင် ​အရူးလေးလို ပြုံးကြည့်နေသည့် တိချိုးဟယ်ကို ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ဖို့သာ အားသန်နေသည်။

ထို့နောက် စင်ပေါ်ကို အနမ်းတစ်ပွင့်လှမ်းပေးကာ ပြောလိုက်သည်။
" ဂုဏ်ယူစရာကောင်းလိုက်တာ.. ငါ့ချာတိတ်လေး"

တိချိုးဟယ်က မကြားရပေမဲ့ နှုတ်ခမ်းလှုပ်သည်ကို မြင်လိုက်ရကာ ပြုံးလိုက်သည်။

အခုမှသာ အသက်ဝဝရှူကာ သက်ပြင်းချလိုက်နိုင်သည်။

" ကျေးဇူးတင်ပါတယ်ဗျ"
တိချိုးဟယ် စကားစတော့ လက်ခုပ်သံများ တဖြည်းဖြည်း ရပ်သွားကြသည်။ အကုန်လုံးက ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်ကြ၏။

" ကျွန်တော့်ရဲ့ ကျေးဇူးတင်စကားက နည်းနည်းတော့ ရှည်တယ်ဗျ"
တိချိုးဟယ်က ဟောပိုင်ကို စိုက်ကြည့်ရင်းသာ ဆက်ပြောနေသည်။ ကင်မရာပြန်ကိုင်ထားသော ဟောပိုင်ကြောင့် ရယ်လိုက်မိကာ တစ်ခန်းလုံးကို ဝေ့ကြည့်သည်။
" ဒါပေမဲ့အခုတော့ တိုတိုလေးပဲ ပြောပါတော့မယ်.. ကျွန်တော့်တစ်ဘဝလုံးအတွက် အရေးကြီးဆုံးပုဂ္ဂိုလ်က အခုလေးတင် ဒီထဲကို ဝင်လာလို့ပါ.. သူသာ ကျွန်တော့်နားမှာရှိနေရင် ကျွန်တော့်အတွက် ဘာကိုမှ မလိုတော့အောင် ပြည့်စုံပြီးသားမို့လို့ပါ.. အခု ကျွန်တော် အရမ်းပျော်နေပါတယ်.. ကျွန်တော့်လိုပဲ အားလုံးလဲ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

ထို့နောက် သူ့ကို ဓာတ်ပုံရိုက်နေသေးသည့် ဟောပိုင်ကို ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။
" မင်းရဲ့ တစ်ဘဝလုံးစာ မော်ဒယ်လုပ်ပေးနိုင်မလားလို့ ကိုယ့်ကို မေးခဲ့ဖူးတယ်နော်... ကိုယ် အဲ့ဒီ့မေးခွန်းကို အခု ဖြေပေးမယ်.. ကိုယ် မလုပ်ချင်ဘူး"

ဟောပိုင်က ကင်မရာချလိုက်ပြီး တိချိုးဟယ်ကို တည့်တည့်ကြည့်နေ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now