Chapter 224- Boom Boom Boom 2

2.1K 386 5
                                    

Unicode

" ဟမ်.. ချာတိတ်လေး ဘယ်တွေသွားနေတာလဲ"
ဟောပိုင်က ခေါင်းကုတ်ရင်း တိချိုးဟယ်ပြောသည့် စပရိုက်ဆိုသည်ကို တွေးမိတော့ ပြုံးလိုက်သည်။ ထို့နောက် အဆင်သင့်ဖြစ်နေရန် ရေချိုးခန်းထဲ ဝင်ကာ ကိုယ်လက်သန့်စင်၏။

မိနစ်သုံးဆယ်လောက်ကြာတော့ တိချိုးဟယ်က မနက်စာ ဗန်းတစ်ဗန်းကိုင်ကာ အခန်းထဲ ဝင်လာသည်။

ဟောပိုင်က လှမ်းကြည့်ကာ မျက်ခုံးပင့်၍ ပြုံးလိုက်သည်။
" ကြက်ဥ​ပေါင်မုန့်လား ဆန်ပြုတ်လား"

တိချိုးဟယ် ကောင်းကောင်းချက်တတ်သည့် မနက်စာနှစ်မျိုးပင်။

တိချိုးဟယ်က ပြုံး၍ ဟောပိုင်ဆံပင်တို့ကို ဆွဲဖွကာ ဗန်းလေးကို လှမ်းပေးသည်။
"ဟားဟား.. နှစ်ခုလုံးမှားတယ်.. အသားညှပ်ပေါင်မုန့်နဲ့ နို့"

ဟောပိုင်က ရှက်ရှက်နှင့် ပြန်ပြုံးကာ ဆိုဖာပေါ်မှီ၍ မနက်စာကို အရသာခံစားနေ၏။

သူတို့က "Wolf Venom " ၏ ရိုက်ကူးရေးအခြေတည်သည့် F နိုင်ငံကို ရောက်နေကြခြင်းဖြစ်သည်။ တိချိုးဟယ်၏ စာချုပ်နှင့် ရင်းနှီးမြှုပ်နှံရေးအတွက် ဒါရိုက်တာနှင့် တွေ့ရန် စောင့်နေခြင်းဖြစ်၏။ မနက်စာစားပြီးနောက် ဟောပိုင်က တိချိုးဟယ်နှင့်အတူ ဒါရိုက်တာနှင့် သွားတွေ့ရမည်ဟု မျှော်လင့်ထားသော်လဲ ထိုကဲ့သို့မဟုတ်။ တိချိုးဟယ်တွင် တခြားအစီအစဥ် ရှိသောကြောင့် ဟောပိုင်ကို ဒီနေ့တော့ ဟိုတယ်တွင်သာနေကာ သူနှင့်အတူတူ ဇာတ်ကားကြည့်ရန် တောင်းဆိုလိုက်သည်။

စားပွဲပေါ်မှ သရေစာမုန့်များကိုကြည့်ကာ ဟောပိုင် ကြောင်အအဖြစ်သွားသည်။
" ဒီနေ့ ဒါရိုက်တာနဲ့ သွားတွေ့မှာ မဟုတ်ဘူးလား.. စာချုပ်အကြောင်းပြောကြမှာ ဒီနေ့မဟုတ်ဘူးလား"

" မဟုတ်ဘူးလေ.. ကိုယ်က ဒါရိုက်တာ Nate နဲ့ မနက်ဖြန်မှ တွေ့ရမှာ"
တိချိုးဟယ်က ဟောပိုင်ပါးလေးဆွဲညှစ်ကာ ပြန်ဖြေသည်။
" ကိုယ့်ကိုယ်ကိုယ်လဲ သိရမယ် ကိုယ်နဲ့အလုပ်လုပ်တဲ့သူကိုလဲ သိရမှာပေါ့.. ဒီကိုလာခဲ့.. ကိုယ် ဒီနေ့ကြည့်မဲ့ကားတွေက ဒါရိုက်တာ Nate ရိုက်ထားတဲ့ documentary ကားတွေချည်းပဲ.. သူနဲ့မတွေ့ခင် သူ့အကြောင်း အိမ်စာလေး လုပ်မှ ရမှာပေါ့"

OUR ( One Useless Rebirth) 2Where stories live. Discover now