Chapter 191 - A New Chapter 2

2.6K 502 7
                                    

Unicode

တိချိုးဟယ်က တံတွေးမျိုချရင်း ချွေးများပြန်လာသည်။ ဟောပိုင်တစ်ကိုယ်လုံး ပူလောင်နေသည်ကို ခံစားမိတော့ အကြာကြီးတွေဝေနေကာ ခဏနေတော့ ဟောပိုင်ပခုံးလေးကို ဖွဖွပုတ်၍ ညင်သာစွာ တွန်းလိုက်သည်။
" ပိုင်.. ဆရာဝန် ခေါ်ပြီး မင်းကို ကြည့်ခိုင်းလိုက်တာ ပိုကောင်းမယ်နော်.. မင်းအဆင်ပြေမှပဲ ကိုယ်တို့ဆက်ပြီး..."

" ပါးစပ်ပိတ်!"
ဟောပိုင်က တိချိုးဟယ်လက်တစ်ဖက်ကို ကိုက်ရင်း ကျန်တစ်ဖက်ကို ရှောင်ပိုင်ပိုင်လေးပေါ် တင်လိုက်၏။
" ကျွန်တော် ကောင်းနေပါပြီဆို"
ထို့နောက် တိချိုးဟယ်တွင် နောက်ဆုံးကျန်နေသည့် အတွင်းခံကို ဆွဲဖြဲလိုက်၏။

တိချိုးဟယ်က ဟောပိုင်ခါးကို လှမ်းကိုင်ရင်း အတော်အံ့သြနေသည်။ တကယ်တော့ တိချိုးဟယ်က ဒီညတော့ မဖြစ်တော့ပါဘူးဟု စိတ်ထိန်းထားပြီးသားဖြစ်၏။ သို့သော် အခြေအနေပြောင်းသွားသောကြောင့် သူလဲ ပျော်ရွှင်စွာ လက်ခံလိုက်၏။

တိချိုးဟယ်ဘက်က သာယာနေစဥ် ဟောပိုင်က စိတ်ညစ်ညစ်နှင့် သက်ပြင်းချသည်။ ဒီ position ကို သူ သိပ်မကြိုက်။ နာလဲ နာသေးသည်။ ထို့ကြောင့် ဟောပိုင်က တိချိုးဟယ်နားရွက်ကို ဆွဲကိုက်၏။
" တခြား position ပြောင်းရအောင် .. ကျွန်တော်အဆင်မပြေဘူး.. ကောင်းကောင်းလုပ်ပေးရင် လုပ်ပေးနော်.. မဟုတ်ရင် ခင်ဗျားကို ပစ်ထားလိုက်မှာ"

ထိုစကားကြောင့် တိချိုးဟယ်က ဟောပိုင်ကျောကို ဖွဖွလေးပုတ်ကာ သူ့အပေါ်တက်ထိုင်နေသည့် ကိုယ်လုံးလေးကို ပွေ့ကာ ဆိုဖာပေါ်လှဲချ၍ သူ့ကိုယ်လုံးနှင့် ဖိလိုက်သည်။ ထို့နောက် တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း နမ်းနေသည်။
" မရပါဘူး.. ကိုယ့်ကို စွန့်ပစ်လိုက်လို့မရဘူးလေ.. မင်းရဲ့အပိုင်ပဲကို"

နာရီဝက်လောက်ကြာတော့

တိချိုးဟယ်က ဟောပိုင်ကို စောင်ခြုံပေးကာ ရေနွေးနှင့် ရေပတ်တိုက်ပေးနေသည်။ ထို့နောက် ဆိုဖာကို သန့်ရှင်းရေးလုပ်ကာ ဟောပိုင်အတွက် နွားနို့တစ်ခွက်နွှေး၍ ပြန်ရောက်လာသည်။

ဟောပိုင်က နွားနို့သောက်ကာ တိချိုးဟယ်၏ Abs များကို ဆော့ရင်း​ ပြောလိုက်သည်။
" ခုနက အရမ်းမိုက်တယ်.. အဲ့အတိုင်းလေးပဲ ဆက်သွား"

OUR ( One Useless Rebirth) 2Where stories live. Discover now